Zawgyi
စာဖတ်ပရိသတ်အားလုံးကို တောင်းပန်ပါတယ်။
ကျွန်တော်ဝန်ခံစရာရှိလို့ပါ။ မနေ့ကအပိုင်းကို ကျွန်တော့် သူငယ်ချင်း မေလိက ကူညီ ရေးပေးတာပါ။
ကျေနပ်ပြီလား လန်ကျန့်။ ပျော်ပြီလား။
ငါပြောမယ် မနေ့က အပိုင်းက ၁၀၀% ငါ့ အိုင်ဒီယာ။ မေလိက ငါရေးတာကို ဖတ်လို့အဆင်ပြေအောင်လေး နည်းနည်းပြင်ပေးတာ။ အဲ့ဒါကို မင်းကငါ့ကိုဘာလို့ ရှဲဒိုးရေးတယ်လို့ စွပ်စွဲရတာလဲ။ လွန်လိုက်တာ။
မင်းတို့သိလား။ အဲ့ဒီ လန်ကျန့်က အခုငါ့ရှေ့မှာ ငုတ်တုတ်ကြီး။ ဒီနေ့ကစပြီး ငါက ဖန်ဖစ်ရေးရင် သူ့ရှေ့မှာပဲရေးရမယ်တဲ့။ စာရေးတယ်ဆိုတာ အဲ့လို တထိုင်ထဲရေးလို့ရလား။
မုဒ်ဝင်မှရေးလို့ရတာလေ။ မုဒ်ဆိုတာက ဝင်ချင်တဲ့အချိန်ဝင်တာ။ သူက သူ့ရှေ့မှာပဲရေးဆို ငါက သူ့အိမ်ပြောင်းနေရမှာလား။ ငါ အိပ်နေရင်း မုဒ်ဝင်လာလို့ဖြစ်ဖြစ်၊ တရေးနိုး မုဒ်ဝင်လာတာဖြစ်ဖြစ်၊ အိမ်သာတက်ရင်း ရေချိုးရင်း ကင်းမြီးကောက်ထောင်ရင်း နားဖာချေးကလော်ရင်း မုဒ်ဝင်လာတိုင်း သူက ငါ့ရှေ့ရှိနေရအောင်။မဆီလျော်လိုက်တာ။
မင်းတို့ကော ငါ့ကို သက်သက်ညှာညှာလေးဝေဖန်လို့မရဘူးလား။ ငါလေးအရမ်းစိတ်ဆင်းရဲနေပါတယ်။ ငါလေးအရမ်းစိတ်အားငယ်နေလို့ပါ။
လန်ကျန့်ဆိုတဲ့ ငတိက ငါ့ဖန်ဖစ်ကို ပိဿ လေးနဲ့ဘေးပစ်ပြောတာများ ပျင်းဖို့ကောင်းတဲ့ ရွက်ကြမ်းရေကျိုကျောင်းသား ဖန်ဖစ်တဲ့။
ဟေး. . . ငါ့ဟာ သုံးပိုင်းပဲရှိသေးတယ်လေ။ မင်းဝေဖန်တာ မစောလွန်းဘူးလား။ ကြည့်နေစမ်းပါ။ plot twist အကြမ်းစားကြီးနဲ့ မင်းတောင် ဖင်ထိုင်ငိုသွားရမယ်။
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

YOU ARE READING
တစ်သက်လုံးမှာ အဂေါ်ဆုံး Fanfic
Fanfiction"နိုဗယ်ဆုကို BL fanfic ဖြင့်အရယူမည်" ဝေ့ရင်း (ကလောင်အမည်- အမှောင်လောကရဲ့ရိလင်း အရှင်သခင်ကြီး) Zawgyi + Unicode