အထူးသတိပေး တားမြစ်ချက်

6.8K 1.1K 349
                                        

Zawgyi

မင်းတို့အားလုံးကို သတိပေးမယ်။ ငါ့ပုံကို.  . အဲ့ရုပ်ရှင်ရုံထဲကပုံကို အွန်လိုင်းမှာ လုံးဝ လုံးဝမဖြန့်ပါနဲ့။ ဖြန့်တဲ့သူကို အသရေဖျက်မှုနဲ့တရားစွဲမယ်တဲ့။ ငါလေးက စိတ်မဆိုးတတ်ပေမယ့် လန်ကျန့်ကအရမ်းကို စိတ်ဆိုးနေပါတယ်နော်။

ငါပြောပြမယ် အဲ့ဒီကိစ္စက အထင်လွဲမှုသက်သက်ကြီးပါ။ ဒီနေ့ ကျောင်းဆင်းတော့ ရုပ်ရှင်သွားကြည့်တယ်ကွာ။ အဲ့မှာ ရှောင်းကျန့်ပါတဲ့ကားက တော်တော်နာမည်ကြီးတာပဲ။ လန်ကျန့်တောင် လတ်မှတ်မရလို့တဲ့ ရတဲ့အတန်းကနေ ဈေးကြီးပေးဝယ်လိုက်ရတာ။

ငါကကွာ ကျောင်းဆင်းတော့ ဗိုက်ကဆာတယ်။ ရုပ်ရှင်ရုံတွေက သိနဲ့အတိုင်း ပေါက်ပေါက်နဲ့ ကိုလာကလွဲလို့ဘာမှမရဘူး။ ပေါက်ပေါက်စားရုံနဲ့ ငါ့ဗိုက်လေးက အဆင်ပြေမနေဘူး။ အာ့နဲ့ ငါက မုန့်လေးနည်းနည်းပါးပါး ရုပ်ရှင်ရုံထဲခိုးသယ်ခဲ့တာပါ။ ဒီလိုစောက်ပြဿ     နာအကြီးကြီးဖြစ်သွားမယ်လို့မထင်မိဘူး။

အဲ့ စောက်တလွဲအကြီးကြီးက ရုပ်ရှင်ရုံထဲ စဝင်ကတည်းက စတာပဲ။ လန်ကျန့်ဈေးကြီးပေးဝယ်လိုက်ရတဲ့ နောက်ဆုံးတန်းဆိုတာ နှစ်ယောက်ပြူးခုံကြီး။ အတွဲတွေထိုင်တဲ့နေရာကြီး။ အတွဲတွေကြားထဲ ငါတို့ယောကျာ်းကြီးနှစ်ယောက်က ထီးထီးကြီး။ အဲ့ထက်ဆိုးတာ ရုပ်ရှင်ရုံတရုံလုံးက ကျောင်းကလူတွေချည်းပဲ၊ လခွမ်းနော် မင်းတို့တွေ ကျောင်းသာလစ်ရင် လစ်မယ် ဒါမျိုးကျ လူစုံတယ်။

ပိုဆိုးတာ မေလိတို့ တသိုက်က ငါ့ရှေ့မှာအတန်းလိုက်ကြီးထိုင်တာ။ အဲ့ခွေးမလေးက ရုပ်ကိုက မျက်နှာပိုးမသေတာ။ ရုပ်ရှင်မစမချင်း ငါ့ကိုလှည့်ကြည့်ပြီးစောက်ခွက်ပြောင်နေကတည်းက သူတို့အကြံကို သိခဲ့သင့်တာ။

ငါပြောမယ် မင်းတို့တွေ မျိုးတူအချင်းချင်းတော့ ဘယ်တော့မှ အတွဲခုံနဲ့မကြည့်လေနဲ့။ ရိုးရိုးတခုံတည်းထက်တောင်ကျဉ်းသေးတယ်။ ပြီးတော့ ဘေးကတစ်ကောင်နဲ့ကြား လက်တန်းကမရှိတော့ ကိုယ့်လက်ကိုယ် ဘယ်နားထားရမှန်းမသိနဲ့။

လန်ကျန့်နဲ့ရုပ်ရှင်ကြည့်ရတာလဲတကယ်စောက်ရမ်းပျင်းဖို့ကောင်းတာပါ။ သူက ကျောက်ရုပ်ကြီးလိုတောင့်တောင့်ကြီး အသံတိတ်ပြီး ရုပ်ရှင်ကိုပဲကြည့်နေတာ။ ဇာတ်လမ်းအကြောင်းလေးတောင် ဆွေးနွေးလို့မရဘူး။ ငါစကားပြောရင် ဘေးလူတွေနားငြီးမယ်ဆိုပြီး ပါးစပ်ကိုအတင်းလိုက်ပိတ်တာ ငါ့မှာ ဝုဝုဝါးဝါးနဲ့ ရုန်းနေရတာ။ အဲ့ဒါတွေက ပိုဆိုးသွားတာပဲ။ အဲ့ကောင်ကြောင့် အခြေအနေက အဖတ်ဆယ်ကိုမရတော့တာ။

တစ်သက်လုံးမှာ အဂေါ်ဆုံး FanficWhere stories live. Discover now