အကြံတောင်းလွှာ

6.5K 959 245
                                        

Zawgyi

အဟမ်း. . . မင်းတို့ကို ငါအကြံတောင်းစရာတစ်ခုရှိလို့။

ဒါပေမယ့် မင်းတို့ အဲ့လို ကြက်သီးထစရာအကြံမဟာကြီးတွေ မပေးကြစမ်းပါနဲ့လား။ ငါဖင်ကျိန်းလိုက်တာ။

ငါမေးချင်တာက ဒီလိုပါ။ ငါ့ကိစ္စမဟုတ်ဘူး။ ငါ့သူငယ်ချင်းတစ်ယောက်. .

ငါ့သူငယ်ချင်းကပြောတယ်။ သူ့သူငယ်ချင်းက သူနဲ့တော့ အရမ်းကြီးခင်တာမဟုတ်ဘူး။ အရမ်းခင်တာမဟုတ်ဘူးဆိုတာက ကွာ ငါတို့ယောကျာ်းလေးတွေဆို အရမ်းခင်လို့ဆိုရင် အိမ်လိုက်အိပ်တာတို့၊ တစ်ယောက်ငယ်ကျိုးငယ်နာ တစ်ယောက်ဖော်တာတို့၊ မဟုတ်တာအကုန်တူတူလက်တည့်စမ်းတာတို့ အကုန်လုပ်တယ်ကွာ။ အခု သူ့သူငယ်ချင်းနဲ့ သူက အဲ့လိုလဲမဟုတ်ဘူးတဲ့။ ခင်တော့ခင်တယ်ကွာ တစ်ယောက်နဲ့တစ်ယောက်လဲ နည်းနည်းရှိန်နေတယ်ပေါ့ကွာ။

အဲ့ဒါ သူက သူ့သူငယ်ချင်းမွေးနေ့ ကိုမေ့နေလို့။ မွေးနေ့မဟုတ်ဘူး ဘွဲ့ယူတဲ့နေ့. . ဟုတ်တယ် ဘွဲ့ယူတဲ့နေ့ကို မေ့နေလို့ ကွန်ဂရက်ကျူလေးရှင်းသွားပြောတာပေါ့ကွာ။

အမှန်က တကယ်ကိုမသိတာ မေ့နေတာ။ အဲ့ဒါညကျမှသတိရလို့ သူ့သူငယ်ချင်းအိမ်လိုက်သွားပြီးပြောတာ။ အဲ့ဒါ သူ့သူငယ်ချင်းက သူ့ကိုနမ်းလိုက်တယ်ဆိုရင် အဲ့ဒါ ဘာသဘောလဲတဲ့။

ဟိုလိုကွာ ယောကျာ်းလေးချင်း ပါးကို အာဘွားဆိုပြီး နမ်းတာမဟုတ်ပဲ မျက်နှာကိုချုပ်ပြီး နှုတ်ခမ်းကိုနမ်းတာကွာ။ ခြေထောက်တွေ ခွေယိုင်လာအောင်နမ်းတာ။ အဲ့ဒါ သူ့ကို ကွန်ဂရက်ကျူလေးရှင်းပြောဖို့ မေ့နေလို့ ဒေါသထွက်ပြီး တမင်လုပ်တာလား။ ဒါမှမဟုတ် တခြားရည်ရွယ်ချက်နဲ့လား။

အာ့ ငါ့သူငယ်ချင်းက နည်းနည်းလည်း စိတ်ထဲတမျိုးကြီးဖြစ်နေတယ်ကွာ။ အဲ့ဒါ သူလဲ ညအိပ်လို့တောင်မရဘူးတဲ့။ အဲ့ဒါကွာ သူကရော အဲ့တစ်ယောက် နမ်းတာကြီးကို သရိုးသရီဖြစ်နေတာလား။ သူကကော ယောကျာ်းလေးချင်း ကြိုက်နေတာလား။

ဟား ဟား. . မဖြစ်နိုင်တာနော့်။ ယောကျာ်းလေးချင်း နမ်းရုံနဲ့ ကြိုက်စရာလားကွာနော့်။ oppai လဲ ရှိတာမဟုတ်ဘူး။

တစ်သက်လုံးမှာ အဂေါ်ဆုံး FanficМесто, где живут истории. Откройте их для себя