ရုပ်ရှင်ကြည့်မယ်

7.2K 1.2K 266
                                        

Zawgyi

ဟင်းဟင်း.  ..  မင်းတို့ရဲ့ ဝေ့ကောကော အခုဘယ်ရောက်နေတယ် ထင်လဲ၊

ငါ့ကိုလင်ပေးစားနေတဲ့ လန်ကျန့်နဲ့ဇွတ်ညားခိုင်းနေတဲ့ မင်းတို့ shipper လေးတွေ သေမယ်ဆိုသေလို့ ရပါပြီ။ ငါအခု လန်ကျန့်အိမ်က သူ့အိပ်ခန်းထဲမှာ။ ဘူး.  ထွား. .  ဝါး. . ဟား. . ဟား. .

မင်းတို့ရဲ့ လန်ကျန့်ကို ငါက. .  ငါကြီးက. . ငါဆိုတဲ့ ဝေ့ကောကောက. . . ဟင်း. .ဟင်း. .

ဟုတ်ပြီ စတာ နောက်တာပါ။ တောင်းပန်ပါတယ်။ သူများအထင်လွဲစရာတွေမရေးတော့ပါဘူး။

လန်ကျန့်က ကော်ဖီဆိုင်မှာ စာရေးရင် သူများတွေထပ်လာခေါ် လာနှောင့်ယှက်မှာစိုးလို့တဲ့ သူ့အိမ်ကိုခေါ်လာတာ။ ခုနက ငါလျှောက်ရေးတာပါ။

မင်းတို့သိလား။ ငါက ဒါလေးနောက်ရေးတာကို စိတ်တွေတိုပြီး ငါ့ကို လက်ချာတွေလာရိုက်နေတယ်။ ငါဟာ fanfic ကိုပဲ ဦးစားပေးရေးသင့်ကြောင်း။ တောင်စဉ်ရေမရတွေနဲ့ စောက်စကားတွေများမနေသင့်ကြောင်း။ ဖန်ဖစ်ဖတ်တဲ့ စာဖတ်သူတွေနဲ့ အီစီကလီမထုသင့်ကြောင်း။ သူ့အကြောင်းတွေပေါက်ကရ လျှောက်မရေးသင့်ကြောင်း။ စုံနေတာပဲ။

ငါရေးတော့ဘာဖြစ်တယ်။ မင်းတို့နဲ့ရင်းရင်းနှီးနှီးဆက်သွယ်ချင်လို့ဟာ။ မင်းတို့က ဘာမှမဖြစ်ဘူးဟုတ်။ သူတစ်ယောက်ပဲ ဖြစ်နေတာ။

လန်ကျန့်ဟာ လင်တစ်ခါမှ မယူရသေးတဲ့ သိက္ခာတော်ရ အဒေါ် အပျိုကြီးလိုပဲ ငါ့ကို မျက်စိဒေါက်ထောက်ကြည့်ပြီး အပြစ်ရှာနေတယ်။ ငါက သူ့အိပ်ယာပေါ် အိပ်ရင်း ဖုန်းနဲ့စာရေးမယ်ဆိုတော့လည်းမဟုတ်ရဘူး ခုံပေါ်ထိုင်ရေးတဲ့။ ငါပြောမယ် အိပ်ယာကြီးတစ်ခုလုံးရှိနေတာ သက်သက်သာသာပဲ တုံးလုံးပက်လက်လေးလှဲပြီးစာရေးမှာပေါ့ဟ။ ခုံပေါ်မှာအကြာကြီးထိုင်ပြီးရေးရင် ခါးနာတယ်။ ဟုတ်တယ် မလား။ မင်းတို့လဲ အဲ့လိုပဲ ခါးနာကြတယ်မလား။

အဲ့ဒါ ငါ့ကို ဇွတ် အိပ်ယာပေါ်ကဆွဲချတယ်။ သူ့အိပ်ယာပေါ်မအိပ်ရဘူးတဲ့။ ငါကလဲဘာရမလဲ ပြန်ခံသတ်တာပေါ့။ ဒါပေမယ့် လန်ကျန့်ကြီးက အရမ်းသန်တယ်သိလား။ ငါ့အရိုးလေးတွေ ကျိုးတော့မလိုပဲ။

တစ်သက်လုံးမှာ အဂေါ်ဆုံး FanficDonde viven las historias. Descúbrelo ahora