Zawgyi
ဟင်း. . ငါက ပြန်ရေးချင်လို့မဟုတ်ဘူး။ လန်ကျန့်က လာတောင်းပန်လို့။ သူ့ကြောင့် ငါဘယ်လောက်တောင် စိတ်နာကျင်ရတယ်ထင်လဲ။ ငါတကယ် မရေးတော့ဘူး စိတ်ဆုံးဖြတ်လိုက်တာ။ သူလာတောင်းပန်ရတော့တာပဲ။ ဟင်း. . ကြောင်ကြာကြာ ရေမငုပ်ဘူး။
ငါက ငါ့ဖင်ကိုရိုက်တာထက် ငါ့ ဖန်ဖစ်ကိုတောက်လျှောက်ထိခိုက်နေတာ ပိုနာတယ်။ အခု သူက ငါ့ကို ကတိပေးတယ်။ နောက်ကို အဲ့လိုမဖြစ်စေရပါဘူးတဲ့။ ထပ်ပြီး ငါ့ ဖန်ဖစ်တွေကို အရမ်းဆိုးဆိုးကြီးမဝေဖန်တော့ပါဘူးတဲ့။ ငါ့ကို ညစာ ဟော့ပေါ့လဲ တစ်ပတ်တစ်ခါလိုက်ကျွေးမယ်တဲ့။
ငါ့ဘက်ကလည်းနည်းနည်းတော့ ပြန်လိုက်လျောကတာပေါ့။ ငါ့ဇာတ်ကိုပြင်ပေးပါမယ်ဆိုတာ။ ငါက စိတ်လွယ်တာမဟုတ်ဘူး။ ခိုင်မာတဲ့အကြောင်းရှိတယ်။
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
တကယ်အဲ့လိုကြီးဆိုရင် ငါက ဝမ်ရိပေါ်ကို ဗိုက်ကြီးပြီး ခြင်သေးသေးလေးတွေမွေးခိုင်းရမှာပေါ့။ ဒါဆို ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်က မွေးတဲ့ ကလေးတွေဆိုတော့ အဲ့ခြင်အသေးလေးတွေက သတ်လို့မဖြစ်ဘူးလေ။ ဇာတ်အရမ်းနာရင် ငါဆဲခံရမယ်မလား။
ပြီးတော့ လန်ကျန့်ကပြောတယ် ခြင်ကို အဓိကဇာတ်ကောင်ထားတာ မသင့်လျော်လို့ပါတဲ့။ တကယ်လို့ ရိပေါ်ကို ခြင်နေရာကထားရင် ငါ့အရေးအသားမှာ ပရိသတ်တွေကမျောပြီး ခြင်ကိုက်ရင်တောင် ဝမ်ရိပေါ်လေးကိုက်နေတယ်ဆိုပြီး ငြိမ်ခံနေကြရင် အားလုံး သွေးလွန်တုပ်ကွေးတွေ ငှက်ဖျားတွေဖြစ်ကုန်မယ်တဲ့။
သူပြောတာလဲ အကျိုးအကြောင်းလေးတော့ ဆီလျော်ပါတယ်။ ငါပြန်တွေးပြီး နည်းနည်းပြင်လိုက်မယ်လေ။ ဒါပေမယ့် ဗန်ပိုင်းယားလို့ပြောင်းလိုက်ရင်ရော ဖတ်တဲ့သူတွေက ဗန်ပိုင်းယားကိုက်တဲ့အခါ ငြိမ်နေရင် ဘယ်လိုလုပ်ကြမလဲ။ ငါနဲ့မဆိုင်ဘူးနော်။
YOU ARE READING
တစ်သက်လုံးမှာ အဂေါ်ဆုံး Fanfic
Fanfiction"နိုဗယ်ဆုကို BL fanfic ဖြင့်အရယူမည်" ဝေ့ရင်း (ကလောင်အမည်- အမှောင်လောကရဲ့ရိလင်း အရှင်သခင်ကြီး) Zawgyi + Unicode
