Zawgyi
မင်းတို့ကို ငါပြန်ပေးဆွဲခံရတဲ့အတွေ့အကြုံပြောမယ်။
Ops! Esta imagem não segue nossas diretrizes de conteúdo. Para continuar a publicação, tente removê-la ou carregar outra.
ငါစာမရေးတာမဟုတ်ဘူး။ ငါပျောက်နေတာ ဘာလို့လဲ သိလား။ ငါပြန်ပေးဆွဲခံလိုက်ရတာ။
ငါတကယ်ပြန်ပေးဆွဲခံရတာ။
ဘယ်သူပြန်ပေးဆွဲတယ်ထင်လဲ လန်ကျန့်လေ။ မင်းတို့ရဲ့ လန်ကျန့်ပေါ့။ ငါ့ကိုပြန်ပေးဆွဲသွားတာ။
အဲ့ဒီနေ့က ငါဆေးရုံမှာ တစ်ညအိပ်ပြီး အိမ်ပြန်လာတာ။ ငါတို့ ဒီဇင်ဘာကျောင်းပိတ်ရက်စပြီဆိုတော့ ငါလဲ ကျောင်းသွားစရာမလိုတော့ မင်းတို့လေးတွေ ဖတ်ရအောင် ဖန်ဖစ်ကို ဖိဖိစီးစီးရေးမယ်ပေါ့။ အဲ့မှာ လန်ကျန့်ဆီက ဖုန်းဝင်လာတယ်။ အခုချက်ချင်းအောက်ဆင်းခဲ့ပါတဲ့။
ငါပြောမယ် ငါအဲ့ကောင်ကို အရမ်းယုံကြည်မိတယ်။ သူက ငါ့သူငယ်ချင်းလေ ငါ့ရဲ့ထုတ်ဝေသူလဲ ဖြစ်တော့ ငါက ယုံမိတာပေါ့။ အဲ့ဒါအိမ်အောက်ရောက်တော့ သူ့အိမ်က ကားပေါ်က ဆင်းမလာပဲ ငါ့ကို ကားပေါ်တက်ခဲ့တဲ့။ ငါက ဘယ်သိမလဲ ပြောစရာရှိတယ်ထင်လို့ တက်သွားမိတာပေါ့။ အဲ့မှာတင် သူက ဘာမှလဲမပြောဘူး သူ့ဒရိုင်ဘာကလဲ သူ့လိုပဲ မျက်နှာမာကြီးနဲ့ ကားပဲမောင်းနေတာ။ နှစ်နာရီလောက်ကြာတော့ ငါမနေနိုင်တော့ဘူးလေ။
သိတယ် မင်းတို့တွေ နှစ်နာရီထိငါက ငုတ်တုတ်ကြီးထိုင်လိုက်သွားတာလားမေးတော့မယ်ဆိုတာ။ တကယ်က ငါအိပ်ပျော်သွားတာ။ မြို့ထဲက ငါတို့သွားနေကျ ကဖေးကို သွားမယ်မှတ်လို့ ခဏလေး မှေးလိုက်တာပါ။ ဆေးရုံမှာ အိပ်ရတာမကောင်းဘူးလေ။ ငါအိပ်ရေးပျက်ထားတာ။
အဲ့ဒါ ငါက သူတို့ဘယ်သွားနေတာလဲ မေးတော့မှ နှင်းလျှောစီးသွားမလို့တဲ့။ ငါကနောက်နေတယ်မှတ်လို့ map ဖွင့်ကြည့်တာ တကယ်ဟေ့။ တကယ်ကြီး နှင်းလျှောစီးစခန်းကို ဦးတည်နေတာဟ။ ငါ့မိဘကို သူကပြောပြီးပြီတဲ့။ ဒါပေမယ့် ငါ့ကိုသူဘာလို့ကြိုမပြောလဲ။ ငါ့သဘောတူညီချက်မယူပဲ ခေါ်လာတာ ပြန်ပေးဆွဲတာပဲမဟုတ်ဘူးလား။
VOCÊ ESTÁ LENDO
တစ်သက်လုံးမှာ အဂေါ်ဆုံး Fanfic
Fanfic"နိုဗယ်ဆုကို BL fanfic ဖြင့်အရယူမည်" ဝေ့ရင်း (ကလောင်အမည်- အမှောင်လောကရဲ့ရိလင်း အရှင်သခင်ကြီး) Zawgyi + Unicode
