ဒီနေ့က ငါ့လန်ကျန့် မွေးနေ့

5.9K 1K 126
                                        

Zawgyi

ယောကျာင်္းလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို မုန့်အတူတူသွားစားရအောင်ပြောတာက ဒိတ်တာဆိုရင် မိန်းကလေးတစ်ယောက်က ယောကျာင်္းလေးတစ်ယောက်ကို စပြီး မုန့်စားရအောင် ခေါ်ရင်ကော ဒိတ်တာလား????

ငါ့က မုန့်ပဲစားတာလေ ငါ့ကို ရည်းစားလိုချင်နေတယ်လို့ ဘယ်လိုစွပ်စွဲရက်တာလဲ။ ငါလိုချင်တာလဲ လိုချင်တာပေါ့။ ဒီအသက်အရွယ်မှာ ဘယ်သူက ရည်းစားမလိုချင်ပဲရှိမလဲ။ ဒါပေမယ့် ငါရည်းစားလိုချင်တာက စိတ်ဆိုးစရာလား။

အား. . . မသိတော့ဘူး ငါခေါင်းတွေကိုက်တယ်။ မင်းတို့လဲ ဘာမှန်းမသိပဲ ခေါင်းတွေကိုက်ကုန်ပြီမလား။

ဖြစ်သမျှ ပျက်သမျှကို မင်းတို့နားလည်အောင် ငါပြောပြမယ်။ ငါ့ကို လျှာရှည်တယ်။ စကားများတယ်မပြောနဲ့။ မင်းတို့ နားလည်အောင် ငါကရှင်းပြရတာ။ အဲ့လောက်စာအရှည်ကြီး ငါလဲရေးချင်မနေဘူး။ fanfic ပဲ မြန်မြန်ရေး များများရေးပြီး လန်ကျန့်နဲ့ ဇာတ်လမ်းကို အပြတ်ဖြတ်ချင်နေပြီ။

ကျောင်းမှာ မေလိကပြောတယ်။ ညနေကျ မုန့်သွားစားရအောင်တဲ့။ သူက သူ့သူငယ်ချင်းကောင်မလေးချောချောတစ်ယောက်ခေါ်ခဲ့မယ်။ ငါက လန်ကျန့်ကိုခေါ်ခဲ့တဲ့။

ငါပြောမယ်။ ဒါက သူငယ်ချင်းအချင်းချင်းမုန့်စားဖို့ခေါ်တာလေ။ ငါတို့ ပုစွန်စားမှာလေ။ အဲ့ဒါက လူများမှ ပွဲအကြီးမှာမှ တန်လို့ လန်ကျန့်ကိုခေါ်ခိုင်းတယ် ထင်တာ​ပေါ့။ ငါကလန်ကျန့်ကို တကယ်စိတ်ရင်း အကောင်းနဲ့ခေါ်တာပါ။ ငါဗိုက်နာတုန်း သူဆေးရုံစောင့်ပေးတာကြောင့်လဲပါတယ်။ လန်ကျန့်ရေ ဒီလိုပဲ ကောင်မလေးနှစ်ယောက်က မင်းနဲ့ ငါနဲ့ကို မုန့်သွားစားဖို့ခေါ်တယ်ဆိုပြီး မတ်ဆေ့ခ်ျ ဖို့တာ စောက်ဘဝင်တွေကိုင်ပြီး အဲ့ဒီတုန်းကကျ ငါ့ မတ်ဆေ့ခ်ျကို ဖွင့်တောင် မဖတ်ဘူး။

ဟော မုန့်ဆိုင်ကျဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာတယ်ဗျား။ မင်းတို့လန်ကျန့်ကြီးကိုမြင်စေချင်တယ်။ အဲ့ကောင်ကြီးက ဂေးနေတာလား။ သူ့ကို မိန်းကလေးတစ်ယောက်နဲ့ ကပ်ရပ်တူတူထိုင်ခိုင်းတာလေးများ မျက်နှာကြီးက ဆယ်ရက်စာ အီးပိတ်နေတဲ့ရုပ်ကြီးတဲ့ ဘူထွက်နေတာ။ အာ့ထက်ဆိုးတာက ငါ့ကိုပဲ မျက်မှောင်ကြီးကျုတ်ကြည့်နေတာ နေရတောင်ခက်တယ်။

တစ်သက်လုံးမှာ အဂေါ်ဆုံး FanficМесто, где живут истории. Откройте их для себя