အပိုင်း ၁ -Z+U-

3.3K 143 2
                                    

(Zawgyi)

တကယ်​​တော့ ကျွန်​​တော့ နှလုံးသားရဲ့
အနီးဆုံး​နေရာမှာ အကို ရှိ​နေနှင့်​ပြီးသားပါ
ကျွန်​​တော်​တို့နှစ်​​ယောက်​က မျက်​လုံးနဲ့ နားရွက်​လိုပဲ
အချင်းချင်း မမြင်​နိုင်​ခဲ့ကြဘူး
အကို့​ပေါ်လည်း တစ်​ချက်​ မကြည့်​ခဲ့မိဘူး
ဒါ​ကြောင့်​လည်း ကျွန်​​တော့်​အချစ်​ကို ကျွန်​​တော်​ ပြန်​မမြင်​နိုင်​တာ ဖြစ်​လိမ့်​မယ်

#krist

ဘယ်​ခုနှစ်​က krist ပဲ ဖြစ်​​နေပါ​စေ
အခု ကိုယ့်​​ရှေ့မှာ ရှိ​နေတဲ့လူက ကိုယ့်​ဘဝအတွက်
အ​ရေးကြီးဆုံးလူပဲ
မင်းရဲ့အမှား​တွေ မင်းရဲ့ ဥပက္ခာ​တွေကို ကိုယ်​ လျစ်​လျူရှုထားရင်း ကိုယ့်​နှလုံးသားရဲ့ အနီးဆုံး​နေရာမှာ ထားထားတယ်
နီးလွန်းလို့ ကိုယ့်​အချစ်​​တွေကို မင်း မမြင်​နိုင်​တာ ဖြစ်​ပါလိမ့်​မယ်

#singto

=========

"​သေစမ်းကွာ ​စောက်​သုံးမကျတဲ့​ကောင်
မင်းကများ ရာရာစစ ဆရာကို တိုင်​​ပြောရဲတယ်​​ပေါ့
ငါတို့အ​ကြောင်း မင်း ​ကောင်း​ကောင်းသိ​စေရမယ်​krist"

အတန်းထဲက ဇိုးသမားအုပ်​စုတစ်​စုက​တော့ ​ကျောင်းပြင်​ လူသူရှင်းတဲ့ ​နေရာမှာ ထင်​တိုင်းကျဲ​နေကျခြင်း

Krist ဆိုသည့်​ ဖြူဖြူ​ဖွေး​ဖွေးနှင့်​ ခန္ဓာကိုယ်​ညှပ်​သည့်​ လူငယ်​မှာ​တော့ မည်​သည်​မျှ မတတ်​နိုင်​ခဲ့ပါ

"မင်းသေစမ်း"

ခေါင်း​ပေါ်ကျလာတဲ့ နာကျင်​မှု
ထို​ကောင်​​လေးလက်​ထဲက ကိုင်​ထားတဲ့ အုပ်​နီကျိုး​လေးမှာလည်း ​သွေးများက အထင်းသားပင်​လျှင်

"​ဟျောင့်​ Ai'noe
တော်​​တော့ လက်​လွန်​မယ်​ "

"​တောက်​ အ​​ရေးမပါတဲ့ မိုးက ရွာချပြန်​ပြီ "

ရုတ်​တရက်​ သည်းသည်းမည်းမည်း ရွာချလာတဲ့ မိုး​ကောင်းမှု​ကြောင့်​ krist အနားသို့ အားလုံး ထွက်​ခွာသွားကြ​လေပြီ

ခေါင်းထိထားတဲ့ krist က​တော့ ​သွေးများစွာဖြင့်​ ဘယ်​အရာမှ မသိချင်​​တော့ ဘယ်​နေရာမှာ ရှိ​နေလည်း သူမသိချင်​​တော့ အဆိုးဆုံး သူဘယ်​သူလည်း သူ မသိချင်​​တော့

နှလုံးသားရဲ့ အနီးဆုံး​နေရာ(zawgyi +unicode)(completed)Where stories live. Discover now