အပိုင်း ၂၆-Z+U-

831 82 0
                                    

(Zawgyi)

အိမ်​ပြန်​လမ်း တစ်​​လျှောက်​လုံး အစ်​ကို ဘာစကားမှ မ​ပြောဘဲ ကား​မောင်း​နေတယ်

Krist သည်​လည်း အလိုတသိနှင့်​ မည်​သည့်​စကားမှ မစ​တော့​ချေ

သူလည်း ပင်​ပန်းရှာမှာ​ပေါ့

အိမ်​​ရောက်​​တော့လည်း အိပ်​ခန်းထဲသို့သာ တန်းဝင်​သွားသည်

Krist အ​နောက်​မှ လိုက်​လာ​တော့လည်း
သူ မမှီလိုက်​ပါ

တံခါးကို တစ်​ပါတည်း ပိတ်​သွား​သော​ကြောင့်​ပင်

အစ်​ကို စိတ်​​ပြေတဲ့အချိန်​မှ စကား​ပြောပါ
ဒါ​ပေမယ့်​ သိပ်​မကြာ​စေနဲ့​နော်
ကျွန်​​တော့်​ဘက်​မှ အချိန်​ သိပ်​မရှိ​တော့ဘူး

Krist ကျလာတဲ့ မျက်​ရည်​များ.သုတ်​လိုက်​ပြီး
တံခါး​နေရာမှ လှည့်​ထွက်​သွားသည်

Singto ရဲ့ စာကြည့်​ခန်း​လေးထဲ သွားထိုင်​ရင်း
အရင်​က သူ​တွေ့ခဲ့တဲ့ ဒိုင်​ယာရီ စာအုပ်​က​လေးကို
ကောက်​ဖတ်​​နေသည်

နေ့ရက်​အလိုက်​ သူ ခံစားချက်​​တွေကို
တစ်​လုံးချင်းစီ စာစီချထားသည်

လှလိုက်​တဲ့ လက်​​ရေး​လေး​တွေ

အစ်​ကို ဒီ​လောက်​ လက်​​လေးလှ​နေမှန်း မသိခဲ့ဘူး

Krist တဖြည်းဖြည်းချင်းစီ ကျလာသည့်​ မျက်​ရည်​များကို သုတ်​ရင်း
ရှိုက်​သံများက တစ်​ချက်​ချက်​ ထွက်​လာသည်

ဒါ​ပေမယ့်​ သူ ပြုံး​နေတယ်​​လေ
ချစ်​​သောသူ​ရေးတဲ့ စာလုံး​လေး​တွေက လက်​က ညင်ညင်​သာသာ ကိုင်​ရင်း သူ အလှဆုံး ပြုံးထားသားပဲ

သူ.စိတ်​ချမ်းသာတယ်​​လေ
ချစ်​ရသူက သူ့အ​ကြောင်း​တွေကိုပဲ
စာဖွဲ့​ရေးချထားတာ

Krist ရဲ့ ပုံစံက သနားစရာ​ကောင်းချင်​​ကောင်း​နေလိမ့်​မယ်

ဒါ​ပေမယ့်​ သူ ​ကျေနပ်​တယ်
ဒီဘဝမှာ အစ်​ကိုချစ်​ရတဲ့ တစ်​ဦးတည်း​သော သူက krist ဖြစ်​​နေခြင်းသည်​ တကယ်​ကို ထိပ်​တန်းပဲ

နှလုံးသားရဲ့ အနီးဆုံး​နေရာ(zawgyi +unicode)(completed)Where stories live. Discover now