အပိုင်း ၇-Z+U-

1.2K 113 7
                                    

(Zawgyi)

အနီးဆုံး​နေရာ အနီးကပ်​​လေးမှာပဲ ရှိ​နေခဲ့တယ်
ကြင်​နာယုယမှု​တွေ ဝမ်းနည်းမှု ကြည်​နူးမှု ​နောက်​ထပ်​​သော သာယာမှူ နာကျင်​မှု​တွေကိုလည်း ထို အနီးဆုံး​နေရာမှာပဲ နှလုံးသားတစ်​ခုလုံး ရစရာမရှိ ခံစားခဲ့ရတယ်

ရွံရှာမှု​တွေ မုန်းတီးမှု​တွေ လွှမ်းမိုးခံ​​နေတဲ့ လူတစ်​​ယောက်​ဟာ သူ့အတွက်​ ​ချစ်​ခြင်းဆိုတဲ့ အရာတစ်​ခုကို သူ လက်​လွှတ်​ရလိမ့်​မယ်

အသည်းနင့်​​နေ​အောင်​ မုန်း​နေတဲ့ လူတစ်​​ယောက်​ကို ပြန်​မချစ်​လာနိုင်​​ပေမယ့်
အသည်းနင့်​​အောင်​ ချစ်​မိခဲ့တဲ့လူကို​တော့ ထာဝရမုန်းတီးသွားနိုင်​တဲ့ အခါမျိုး​တွေ ရှိဖူးမယ်

နောက်​ထပ်​တစ်​ခုက ဘယ်​လိုမှ ပြန်​ပြင်​လို့မရတဲ့ အမှားတစ်​ခု မဟုတ်​ရင်​​တောင်​ အဖြစ်​အပျက်​​လေးတစ်​ခု

ကံကြမ္မာက ဘယ်​သူ့ဘက်​မှ မျက်​နှာမလိုက်​ဘူး
ကံကြမ္မာ ​စေရာ အတိုင်း လူ​တွေ လုပ်​ရမယ်​ ဖြစ်​ရမယ်

ဒါကို ချိုး​ဖောက်​ရင်​ ​ပေးဆပ်​မှုက အလွန်​​ကြောက်​ဖို့ ​ကောင်းသွားမလား

ဥပမာ အသက်​တစ်​ခုကို အသက်​တစ်​ခုနဲ့ လဲလှယ်​ခြင်းမျိုး

အချိန်​​တွေက ရပ်​တန့်​​နေမှာ မဟုတ်​ဘူး​လေ....

******

Krist နိုးထလာခဲ့တဲ့ မနက်​ခင်းမှာ ​နွေး​ထွေးမှု အ​ငွေ့သက်​​လေးက သင်းပျံ့ လျက်

အရာရာ အဆင်​​ပြေ​နေတယ်

အဟန့်​..ခါး​အောက်​ပိုင်း နာကျင်​မှုက လွဲလို့​ပေါ့

နွေး​ထွေးလှတဲ့ ရင်​ခွင်​ကြီးရဲ့ အရိပ်​ကို ခိုလှုံ​နေတဲ့ krist က ထိုလူထက်​ အရင်​နိုးထလာခဲ့တယ်

P'sing က ယခုထိ အိပ်​​မောကျ​နေဆဲ
အနီးကပ်​ မြင်​လိုက်​ရတဲ့ krist က​တော့ ဂနာမငြိမ်​​တော့

Sing ရဲ့ ငိုက်​ကျ​နေတဲ မျက်​ခွံ​လေး​တွေကို အသာယာတို့ထိရင်း ကြည်​နူး​နေသည်

နောက်​ပြီး နှာဖျားတစ်​​လျှောက်​ တ​ပြေးညီ လက်​ညှိုးဖြင့်​ အသာယာ ဆွဲလိုက်​ပြီး နှုတ်​ခမ်းသား zone ​ရောက်​​တော့ krist အ​တွေး​တွေက မ​နေ့က အချိန်​​တွေကို သတိရမိတယ်

နှလုံးသားရဲ့ အနီးဆုံး​နေရာ(zawgyi +unicode)(completed)Where stories live. Discover now