အပိုင်း ၁၃-Z+U-

981 88 4
                                    

(Zawgyi)

Krist ဦး​လေး ဖြစ်​သူ၏ အိမ်​သို့ ​ရောက်​လာကြ​တော့ ဧည့်​ခန်းထဲတွင်​ cool နှင့်​ ရွယ်​တူ ​ကောင်​​လေး တစ်​​ယောက်​ကို krist မြင်​လိုက်​ရသည်
ထို​ကောင်​​လေးရဲ့ ​ဘေးနားမှာလည်း အမျိုးသမီးတစ်​​ယောက်​ကို လှမ်းမြင်​ရပါ​သေး၏

ဘယ်​သူလည်း ဘယ်​က ​ကောင်​​လေးမှန်း krist မသိ​ချေ

"Krist ဒီကို လာထိုင်​ပါဦး"

ဦး​လေးရဲ့ မျက်​နှာက အရင်​ကထက်​ ​ချောင်​ကျသွားသည်
မျက်​ဝန်းများကလည် ပိုပြီး ​ကြေကွဲ​နေသ​ယောင်

"ဦး​လေး ဒီ​က​လေးက ဘယ်​သူလည်း"

Krist ရဲ့ ​ဘေးနားသို့ singto ဝင်​ထိုင်​လာသည်

P'sing သည်​လည်း krist နည်းတူ ထို​ကောင်​​လေးအား အကဲခတ်​​နေ၏

"ဒီက ​ကောင်​​လေးက Noe တဲ့
မင်းညီ​လေးရဲ့ သူငယ်​ချင်း​ပေါ့ကွယ်​"

"ဪ...
ဒါနဲ့ သူက ဒီကို ဘယ်​လို ​ရောက်​​နေတာလည်း"

"ဦး​လေး ​ပြောရမှာလည်း စိတ်​ကုန်​​နေပြီ"

"ဘာဖြစ်​လို့လည်း"

"ဟူး....ထားပါ​လေ ဦး​လေး ​သေချာရှင်းပြမယ်

ဒီက ​ကောင်​​လေးနဲ့ cool နဲ့က တတွဲတွဲ ဖြစ်​​နေကြတာ ကြာပြီ Noe ​လေးရဲ့ မိဘနဲ့ ဦး​လေးနဲ့ကလည်း အသိမိ​ဆွေဖြစ်​လာတာ တစ်​နှစ်​နှစ်​နှစ်​​လောက်​​တော့ ရှိ​တော့မယ်​ ဒါကလည်း.စီးပွား​ရေး ပါတနာ​ကြောင့်​လည်း ​ပြောလို့ရတယ်

ဦး​လေးတို့က မိဘချင်းလည်းသိ သူတို့ချင်းကလည်း ရင်းနှီး​နေကြ​တော့ ဂရုမစိုက်​လိုက်​မိတာလည်း ဦး​လေးတို့အပြစ်​ပါ"

ဦး​လေးက ​ပြောရင်း ပင့်​သက်​ရှိုက်​လိုက်​သည်
ကျန်​ခဲ့သည့်​ လက်​ကျန်​စကားကို ထို​နေရာမှာရှိ​သော အမျိုးသမီးက ဆက်​လိုက်​သည်

"ဒီလိုပါ သားရယ်
Noe ​လေးနဲ့ cool က လူငယ်​ပီပီ လက်​တတ်​စမ်းကြတယ်​​လေ
အဲ့မှာ မကျူးလွန်​သင့်​တာ​တွေ မလုပ်​သင့်​တာ​တွေ လုပ်​ရင်း လမ်းမှား​ရောက်​ကြတာ​ပေါ့ကွယ်​ "

နှလုံးသားရဲ့ အနီးဆုံး​နေရာ(zawgyi +unicode)(completed)Where stories live. Discover now