အပိုင်း ၂-Z+U-

1.7K 127 1
                                    

(Zawgyi)

"Kit ဒါက ဘယ်​လည်း
ကိုယ်​တို့ ပြသနာက မရှင်း​သေးဘူး​နော်​"

"..ဘာမရှင်းစရာရှိလည်း
အ​ဖြေက ရှင်းရှင်း​လေးပဲ
အဓိကက ခင်​ဗျား လက်​မှတ်​ ထိုးလိုက်​ရုံပဲ"

"မင်းအတွက်​ လွယ်​လား
ဒါ ကွာရှင်းစာချုပ်​​နော်​ "

"ဟုတ်​တယ်​​လေ ကွာရှင်းစာချုပ်
ပြောရရင်​ တရားဝင်​ ကွာရှင်းစာချုပ်​"

"Kit မင်း မရွဲ့နဲ့ "

"မရွဲ့ပါဘူး "

"​တောက်​...
ကိုယ့်​ဘက်​က ကွာရှင်းမ​ပေးနိုင်​ဘူး
မင်း​​နေချင်​သလို ​နေ​နေတာ ငါ မခွင့်​လွှတ်​ ​ပေးခဲ့လို့လား
ဒီတိုင်းပဲ ဆက်​သွားမယ်
ကိုယ်​ လုံးဝ ကွာရှင်း မ​ပေးနိုင်​ဘူး"

"ခင်​ဗျား အတ္တကြီးတယ်​လို့ မထင်​ဘူးလား
ကျုပ်​ဘယ်​သူ့ကို ချစ်​​နေတာလည်းဆိုတာ
ခင်​ဗျားလည်း သိသားနဲ့"

"ငါသိတယ်
ဒါ​ပေမယ့်​ မင်း ဘယ်​သူ့ကိုချစ်​ချစ်​ ငါ ကွာရှင်းမ​ပေးနိုင်​ဘူး ငါ့အနားမှာပဲ​နေ "

"ဟာကွာ "

Krist ​ဆေးလိပ်​ကို တစ်​ရှုက်​ဖွာရှိုက်​လိုက်​တယ်
စိတ်​အလို မကျမှု​ကြောင့်​ မျက်​ခုံး​တွေက ထိလုမတတ်

" ခင်​ဗျားဟာ​လေ မြန်​မြန်​​သေရင်​ နား​အေးတယ်​သိလား"

ကား​သော့နဲ့ ဖုန်းကို ​ကောက်​ကိုင်​ရင်း
အိမ်​ထဲမှ krist ထွက်​သွားခဲ့သည်

မ​နေနိုင်​ဘူး ဒီလူနဲ့ အနီးဆုံး​နေရာမှာ ​နေရတာက မွန်းကြပ်​လွန်းတယ်

ယောက်ျားတစ်​​ယောက်​ ဆိုတဲ့ အသိက
Krist ဦး​နှောက်​ထဲ ​နေရာအပြည့်​ ယူထားဆဲ

ကား​မောင်းရင်း Phoom ဆီကို ဖုန်းလှမ်း​ခေါ်လိုက်​တယ်

"ကိုယ်​ ဒီည မင်းစီလာအိပ်​မယ်​ "

=========

နိုးထလာတဲ့ မနက်​ခင်း
ကိုယ့်​အသံကိုယ်​ ပြန်​ကြား​နေရသလို

ရင်​ထဲ မွန်းကြပ်​လိုက်​တာ
ဒီစကားသံ​တွေက

နောက်​ဆုံး မြင်​လိုက်​ရတဲ့ပုံရိပ်
ကားနဲ့ တိုက်​သတ်​ပစ်​တာတဲ့

နှလုံးသားရဲ့ အနီးဆုံး​နေရာ(zawgyi +unicode)(completed)Hikayelerin yaşadığı yer. Şimdi keşfedin