Extra 4

945 97 8
                                    

(Zawgyi)

ကား​မောင်း​နေရင်း singto တစ်​ခုခုကို အလိုမကျသလိုပဲ
သေချာတာ​တော့ krist ရဲ့ နာနာကျင်​ကျင်​ အပြုံးတစ်​ခု​ကြောင့်​ သူ့စိတ်​​တွေ ဒီလိုဖြစ်​လာတာ

ဒီ​နေ့ krist ဆီမှာ စုပ်​လုံး မရ​သော​ကြောင့်​ လူက ​နေရတာ တစ်​ခုခု လို​နေသလိုဖြစ်​​နေခဲ့​သေးသည်
စိတ်​ရှုပ်​​နေတဲ့ အချိန်​ candy က club တက်​ရန်​ ​ဆော်​သြ​နေသဖြင့်​ singto လိုက်​ပို့​ပေးရင်း မထင်​မှတ်​ပဲ krist တို့ ညီအစ်​ကိုကို လှမ်း​တွေ့လိုက်​ရသည်

Krist တို့ကိုမြင်​​တော့ singtoစိတ်​ထဲ ​ဒေါသထွက်​သွားသလိုပဲ
ဘာလို့ဆို kristက သူမသိတဲ့ သူစိမ်း​ကောင်​​လေးကို.လက်​တွဲလာ​နေ​သော​ကြောင့်​ပင်

Singto သူ့စိတ်​ကိုယ်​သူလည်း နာမလည်​နိုင်​ ဖြစ်​ခဲ့ရပါသည်

"ကိုကို ဘာ​တွေ အလိုမကျ ဖြစ်​​နေတာလည်း
ဘာလည်းcandy အလှပြင်​တာ နည်းနည်းကြာသွားလို့ ကိုကို စိတ်​ဆိုး​နေတာလား"

"မဟုတ်​ပါဘူး"

"သိပါတယ်​ ကိုကိုက candy အိမ်​​ရှေ့ ​တော်​​တော်​ကြာ​အောင်​ ​စောင့်​လိုက်​ရလို့ စိတ်​ဆိုး​နေတာမလား"

Singto မျက်​​မှောင်​ကြုတ်​မိသည်
သူ စိတ်​ခု​နေတာ ဒါ​ကြောင့်​ ဖြစ်​မယ်​ဆိုလျှင်​ ​ခေါင်းပူထူ​နေ​အောင်​.စဉ်းစား​နေစရာ မလိုသလို
သူ့ရဲ့ ခုန်​​နေတဲ့ နှလုံးသားကိုလည်း ပြန်​​မေး​နေစရာ မလိုဘူး

အခုဟာက..ကျစ်

"​ဟော ဒီမျက်​ခုံးနှစ်​ဖက်​က ကြုတ်​​နေပြန်​ပြီ"

Candy သည်​ ​ဘေးမှ အငြိမ်​မ​နေ
Singto ရဲ့ မျက်​ခုံးနှစ်​ဖက်​ကို လာတို့ထိ​နေသည်

"Candy မင်း ငြိမ်​ငြိမ်​​နေကွာ
ကိုယ်​ ကား​မောင်း​နေတယ်​"

Singto စကားကို မကြားတာလား
လျစ်​လျူရှုထားတာလား​တော့ ​သေချာမသိဘူး
Candy လုပ်​ရက်​က ရပ်​မသွား​ပေ

နဂိုကတည်းက စိတ်​ရှုပ်​​နေသည့်​ singto က သတိ​ပေးရာမှာ အသံမာသွား​တော့သည်

"မင်းကို ငြိမ်​ငြိမ်​​နေလို့ ​ပြော​နေတယ်​​လေ
ဘာလို့ ​ပြောစကား နားမ​ထောင်​ရတာလည်း"

နှလုံးသားရဲ့ အနီးဆုံး​နေရာ(zawgyi +unicode)(completed)Where stories live. Discover now