Extra 1

1K 91 9
                                    

ကော်​ဖီဆိုင်​ထဲ ထုံးစံအတိုင်း စုက်​လုံး​လေးတစ်​​ချောင်းကိုင်​ပြီး ဝင်​လာသည့်​ သူငယ်​ချင်းဖြစ်​သူ singto ကို Pan ကြည့်​လိုက်​သည်

"ဟဲ့ အဲ့စုပ်​လုံး ရလာပြန်​ပြီလား"

"​အေး "

"နင့်​မလည်း တစ်​ရက်​ တစ်​လုံး မဟုတ်​ဘူး တစ်​ရက်​ကို သုံးလုံး​လောက်​​ပေး​နေတာ ​ချောင်းဆိုးလည်း ​သေကုန်​ဦးမယ်​"

Singto ကို ထိုချိုချဉ်​လာ​ပေးသည့်​သူက သူ့ကို ကြိုက်​လို့​ပေးတာလည်း ​ချောင်းဆိုး​သေ​အောင်​များ တမင်​သက်​သက်​​ပေး​နေတာလား

တကယ်​ပါ ဒီက​လေးတစ်​​ယောက်​နဲ့ singto ရူးချင်​တယ်

သူနဲ့ စ​တွေ့ခဲ့တာ မိုးရွာတဲ့​နေ့က လူ​တွေ ဝိုင်းရိုက်​ခံ​နေရလို့ ကိုယ်​က ကူညီ​ပေးခဲ့တာပါ
ဒီထူးဆန်းလှတဲ့ က​လေးက သူ့ကို သတိမေ့တစ်​ချက်​ မ​မေ့တစ်​ချက်​မှာ အစ်​ကိုလို့ ​ခေါ်ပြီး သူ့ရင်​ခွင်​ထဲ ​မေ့လဲသွားခဲ့သည်

Singto သည်​လည်း နီးစပ်​ရာ ​ဆေးရုံ အမြန်​​ပို့ရ​တော့သည်
ဆေးရုံ​ရောက်​​တော့ ဒီ​ကောင်​​လေးနဲ့ သက်​ဆိုင်​သည့်​ မည်​သည့်​အ​ထောက်​ထားမှ မရှိ
ဒီ​တော့ မထူးပါဘူး ကိုယ်​ကပဲ တာဝန်​ယူ​ပေးရတာ​ပေါ့

ဆေးပိုက်​တန်းလန်းနဲ့ သတိ​မေ့​နေသည့်​ ​ကောင်​​လေးနား singto တစ်​ညလုံးနီးပါး ရှိ​နေခဲ့သည်

ကောင်​​လေးပုံစံက ဖြူဖြူ​ဖွေး​ဖွေး​လေး
အရက်​က သူနဲ့ တန်းတူ​လောက်​ပင်
ဒါ​ပေမယ့်​ အရမ်းပိန်​လွန်းသည်
သို့​သော်​လည်း ရုပ်​​ရည်​က သန့်​မည့်​ပုံ​လေး
မျက်​နှာက ဖူး​ယောင်​​နေသည့်​ ဒဏ်​ရာရှိတာ​တောင်​ ဒီ​ကောင်​​လေးက ကြည့်​​ကောင်း​နေတုန်းပင်

Singto တစိမ့်​စိမ့်​ကို ကြည့်​​နေမိသည်
ဒီ​ကောင်​​လေး မျက်​နှာ​လေးက သူကြည့်​လိုက်​ရင်​ ​အေးချမ်း​နေသလို​လေး

ဒီ​လောက်​ ဒဏ်​ရာရလို့ ​ဆေးကု​နေတာ​တောင်​ ​အေးချမ်းတယ်​လို့ ဘာလို့​တွေးမိ​နေပါလိမ်

နှလုံးသားရဲ့ အနီးဆုံး​နေရာ(zawgyi +unicode)(completed)Donde viven las historias. Descúbrelo ahora