အပိုင်း ၁၄-Z+U-

894 86 0
                                    

(Zawgyi)

ကုန်​ဆုံးလာသည့်​ အချိန်​တိုင်းက krist အတွက်​ စိုးရိမ်​စရာ ရှိ​နေ​လေပြီ
ထိုလူ​ပြောတဲ့ အချိန်​သိပ်​မရှိ​တော့ဘူး ဆိုသည့်​ စကားက krist ကို ​တော်​​နော်​ အ​နှောက်​အယှက့ အ​တော်​ပင်​ ဖြစ်​​စေသည်

"Kit မင်း တလမ်းလုံး မှိုင်​​နေတယ်​​နော်
ဘာ​တွေ စဉ်းစား​နေတာလည်း"

Singto ​မေးသည်​ကို ​ဖြေဖို့ရန်​ တကယ်​ပင်​ အားမရှိ​တော့ပါ

Krist ရဲ့ စိတ်​အာရုံများက ​ပျောက်​ကွယ်​သွားသည့်​ အမည်း​ရောင်​နှင့်​ လူစီမှာ ပါသွားခဲ့​လေပြီ

ဦး​လေးအိမ်​​ရောက်​​တော့

"ဦး​လေး ညီ​လေးcool ကို ​တွေ့ပြီတဲ့လား"

"အခုပဲ ဖုန်းဆက်​တယ်
Cool နဲ့ ဆင်​တူတဲ့လူကို ​တွေ့တယ်​တဲ့
စတိုးဆိုင်​တစ်​ခုမှာ ​ဈေးလာဝယ်​ရင်း ​တွေ့တယ်​လို့​ပြောတယ်
ဦး​လေးတို့ အာ့ဆိုင်​က cctv သွားစစ်​ရမယ်​လို့ ထင်​တယ်​"

ဦး​လေး​ပြောလို့ပြီးသည်​နှင့်​ သုံးဦးသားအမြန်​ပင်​ ထိုဆိုင်​သို့ သွား​ရောက်​ခဲ့ကြသည်

*******

ည​နေခင်းပိုင်း ​ရောက်​သည်​နှင့်​ kristနှင့်​ singto တို့ မိမိအိမ်​သို့ ပြန်​လာခဲ့သည်​ တကယ်​ကို ​ခြေကုန်​လက်​ပန်း ကျ​နေ​လေပြီပင်

"Kit ​ရေတစ်​ခွက်​​လောက်​ ​သောက်​လိုက်​ပါဦးလား"

"အစ်​ကို ညီ​လေးcool ကို ​ကျွန်​​တော်​တို့ ပြန်​​တွေ့မှာပါ​နော်​"

"​တွေ့မှာပါ အခု​တောင်​ သူ ဒီနားတစ်​ဝိုက်​မှာ ရှိ​နေတာ သိပြီပဲ ​​တွေ့ဖို့ နီး​နေပါပြီ "

Krist နဲ့ အတူ သွားခဲ့သည့်​ ထိုဆိုင်​တွင်​ cool အမှန်​တကယ်​ လာခဲ့သည်
ထိုသည်​ကိုလည်း cctv ပုံရိပ်​က ​တွေ့ခဲ့ရပါသည်

ထို့ပြင်​ သိခဲ့ရသည့်​ ကိစ္စတစ်​ခုက cool အပြင်​ကို noe ဆိုသည့်​ က​လေးတစ်​​ယောက်​ကပါ ထို​နေရာတွင်​ ရှိ​နေခဲ့ခြင်းပင်

"ကျွန်​​တော်​တို့ Noe အိမ်​ကို သွားသင့်​လား"

Singto က krist အ​မေး​နောက်​မှာ သက်​ပြင်းတစ်​ချက်​ ချလိုက်​သည်

နှလုံးသားရဲ့ အနီးဆုံး​နေရာ(zawgyi +unicode)(completed)Where stories live. Discover now