Extra 3

879 87 6
                                    

===Zawgyi====

Krist အခုရက်​ပိုင်း အချိန်​ပိုင်းအလုပ်​ ပြန်​လုပ်​​နေရသလို Cool ရဲ့ အ​ခြေ​နေကိုလည်း စုံစမ်း​နေရသည်
Cool ကို ​ရောဂါဆိုးနဲ့ သူ ထပ်​မမြင်​ချင်​​တော့​ပေ
ဒီ​ကောင်​​လေး ​နောက်​ဆုံးထွက်​သက်​မှာ အရမ်းပင်​ပန်းခဲ့မှာ

Cool က ​ကျောင်းဆင်း​တော့ တစ်​ခုခုကို မလုပ်​မီ မရိုးမရွ ဖြစ်​​နေသည့်​ ပုံစံမျိုးပင်
လမ်းဘက်​ကို တစ်​​မျှော်​​မျှော်​နှင့်​ ကြည့်​​နေသည့်​ Cool ကိုလည်း ကျွန်​​တော်​က တ​နေရာက​နေ ​ချောင်း​မြောင်းပြီး တ​မျှော်​​မျှော်​ ပြန်​ကြည့်​​နေရပြန်​သည်

ဒီ​ကောင်​​လေး အဲ့လမ်းဘက်​ကို ​မျှော်​​နေတာ နာရီဝက်​ကြာပြီ
သူ တစ်​​ယောက်​တည်း ဘာကို ​ဇောင်းချပြီး လုပ်​မလို့လည်း

Krist စိတ်​မရှည်​နိုင်​​ပေမယ့်​လည်း မရှည်​တဲ့စိတ်​ကို ဆွဲဆန့်​ထားလိုက်​သည်

Krist ​ချောင်းကြည့်​​နေရင်းဖြင့်​ ခနကြာ​တော့ လူရိပ်​တစ်​ရိပ်
ကောင်​မ​လေးတစ်​​ယောက်​ပဲ
ဆံပင်​ဂုတ်​ဝဲ အသား​ဖွေး​ဖွေးနှင့်​ က​လေးမက ချစ်​စရာ​တော့​ကောင်းသည်
အရပ်​က အ​တော်​အသင့်​ ရှည်​​ပေမယ့်​ Cool နဲ့ယှဉ်​ရင်​ ဒီ​ကောင်​မ​လေးအရပ်​က အနည်းငယ်​ ပု​နေ​သေးသည်

Cool က​လေး ထို​က​လေးမ​လေး လာ​တော့ နဂိုကထက်​ ဂနာမငြိမ်​ ဖြစ်​​နေသည်

Cool က မရဲတရဲဖြင့်​ ထို​ကောင်​မ​လေးကို စကားစ​ပြော​နေသည်
Krist သ​ဘော​ပေါက်​လိုက်​ပြီ
ညီဖြစ်​သူ ထို​ကောင်​မ​လေးကို ပိုး​နေပြီဆိုတာ
Krist ​တွေး​နေတုန်း Cool က သူ့အိတ်​​ဘေးနားက နှင်းဆီပန်း အနီတစ်​ပွင့်​ကို ကမ်း​ပေး​နေတာ မြင်​​နေရသည်

လက်​သွက်​လိုက်​တာ
Krist ​တောင်​ ဒီအ​ကြောင်း မသိခဲ့ဘူး

ဟုတ်​ပါတယ်​​လေ သူက ​ကျောင်းနဲ့ အလုပ်​ တစ်​ချိန်​လုံး လုံးပန်း​နေရတာ​ကြောင့်​ Cool ရဲ့ အ​ကြောင်း​တွေကို မသိတာဖြစ်​မယ်
သူ သိတာက Cool က တကယ်​ကို ​ပျော့ညံ့သည့်​ က​လေးတစ်​​ယောက်​ပင်
အရာရာကို သူ ရင်​မဆိုင်​ရဲံသည့်​ လူ​လေးတစ်​​ယောက်
ဒါ​ကြောင့်​မို့လည်း ထို​ကောင်​မ​လေးကို သူ ပိုး​နေတဲ့ပုံစံက ရဲရဲတင်းတင်းမရှိဘဲ ​​သေမှာ​ကြောက်​သည့်​လူတစ်​ယောက်​ တိုက်​ပွဲဆင်​နွှဲ​နေသလိုပဲ

နှလုံးသားရဲ့ အနီးဆုံး​နေရာ(zawgyi +unicode)(completed)Donde viven las historias. Descúbrelo ahora