အပိုင်း ၆-Z+U -

1.2K 115 4
                                    

(Zawgyi)

"Krist
မင်းကို ကိုယ်​ မ​ပြောခဲ့ဘူးလား
မင်းဘာသာ Phoom နဲ့ မက လို့ ဘယ်​မိန်းမနဲ့ပဲရှုပ်​ရှုပ်​ ကိုယ့်​ကွယ်​ရာမှာပဲ ​နေ​​နေတာပဲ
မင်းအခု ဘာအချိုး ချိုးတာလည်း
မင်းနဲ့ငါနဲ့ရဲ့ ကုတင်​​ပေါ်မှာ အဲ့မိန်းမနဲ့ အိပ်​​နေစရာလား "

ကုတင်​ထက်​က krist က​တော့
သူနဲ့ မဆိုင်​သလိုပင်
ဘယ်​အရာမှလည်း ဂရုမစိုက်​​ပေ

Krist ရဲ့ အကျင့်​အတိုင်း
လေ တစ်​ချက်​ ချွန်​လိုက်​ပြီး
ကုတင်​​ပေါ်မှ ဆင်းလာခဲ့သည်

"Phoom နဲ့ ကျွန်​​တော်​က
မောင်​နှမလို အိပ်​ရုံတင်​ပါ
သိပ်​လည်း စိတ်​မပူပါနဲ့"

လက်​ထဲမှ စီးကရက်​ကို တစ်​ချက်​ ဖွာရှိုက်​လိုက်​ရင်း
မဲ့ပြုံးတစ်​ချက်​ဖြင့်
အ​ရှေ့မှ တုန်​ယင်​မတတ်​ ​ဒေါ်သထွက်​​နေသည့်​ singto ကို ဇိမ်​​ပြေန​ပြေ ကြည့်​​နေရင်း ​သွေးတိုးစမ်း​နေ၏

"​မောင်​နှမလို ​ချော့သိပ်​ရုံ​လေးပါ darling ရယ်
Darling လည်း သိရက်​သားနဲ့ N'Phoom ​လေးက ကျွန်​​တော့ရင်​ခွင်​ထဲမှာမှ သူ အိပ်​​ပျော်​တာ​လေ"

"မင်း..မင်း"

"ဟက်​...တကယ်​ပဲ သူနဲ့ sex လုပ်​ရင်
ခင်​ဗျား ဘယ်​လိုဖြစ်​မလည်း သိချင်​လိုက်​တာ"

"Perawat မင်း လွန်​​နေပြီ"

"ဘာဖြစ်​လည်း
ခင်​ဗျား မ အ​ပေါ် ယုတ်​မာခဲ့တာထက်​စာရင်
ဒါက အ​သေးဖွဲ့​လေးပဲ ရှိ​သေးတယ်​"

Krist စကား​ပြောလို့ မပြီး​သေးခင်​ singto သည်​ သန်​မာလှသည့်​ လက်​များဖြင့်​ krist အား အိပ်​ယာ​ပေါ်သို့ တွန်းလှည့်​ချလိုက်​၏

နောက်​ထပ်​​သော ပြင်းထန်​သည့်​ အနမ်းများဖြင့်​ krist အား တရစပ်​ နမ်း​နေသလို
အောက်​ဘက်​ရှိ krist သည်​လည်း ဇတူ ရုန်းကန်​​နေ​လေ၏

Krist က singto ထက်​ လူ​ကောင်​​သေး​နေသည့်​အပြင်​ singto သည်​လည်း လွန်​စွာ ​ဒေါသ ကြီး​နေသည့်​ချိန်​ ဖြစ်​သဖြင့်​ krist ရုန်းကန်​မှုသည်​ ထင်​သ​လောက်​ ခရီးမ​ပေါက်​ခဲ့ရ​ပေ

နှလုံးသားရဲ့ အနီးဆုံး​နေရာ(zawgyi +unicode)(completed)Donde viven las historias. Descúbrelo ahora