အပိုင်း ၅-Z+U-

1.2K 117 4
                                    

(Zawgyi)

"ငါ့တူကြီးအိမ်​ကို ချက်​ချင်းလာမယ်​လို့ ဦး​လေး ထင်​ပြီးသား"

"အပို​ပြောမ​နေနဲ့"

Krist ​လေးတိ​လေးကန်​ဖြင့်
အိမ်​ထဲ ဝင်​လာခဲ့သည်

ဒါ သူမ​နေချင်​ခဲ့​သော ငရဲခန်းတစ်​ခု
ပျော်​ရွှင်​ဖွယ်​မရှိ​သော ဒုက္ခတို့ရှိရာ​နေရာ
နောက်​ပြီး သူ ​သေမတတ်​ ဆာ​လောင်​ခဲ့​သော ထိုအိမ်​သည်
Krist အတွက်​ အဆင်​​ပြေသည့်​ ​နေရာတစ်​ခု​တော့ ဖြစ်​ပုံမ​ပေါ်
သူ နှစ်​​ပေါင်းများစွာ ​နေခဲ့​သော်​လည်း ဒီ​နေရာသည်​ သူ့အိမ်​ဟု သူမခံစားမိ

ထိုအစား အစ်​ကိုရှိ​သော ​နေရာသည်​သာ
မိမိနှင့်​ သက်​ဆိုင်​​သော အိမ်
Krist အတွက်​ home ပင်​ ဖြစ်​​နေသည်

"ထိုင်​ပါဦး ငါ့တူကြီးရ"

အ​ခြေ​နေအ​လျောက်​ အထူးသဖြင့်​ ချမ်းသာမှု​ကြောင့်​ ​ပြောင်းလဲသည့်​ ဦး​လေးကို ​ခြေအစ ​ခေါင်းအဆုံး krist ကြည့်​မိ၏

ရိုကျိုးလွန်းတယ်

"ဦး​လေးသိတယ်​ ငါ့တူကြီးက ဦး​လေးတို့ကို မ​မေ့ဘူးဆိုတာ
မင်း ညီ​လေးက​တော့ မင်းကို တသသ ​မေး​နေ​တော့တာပဲ
သူ့ကိုကိုကို ​တော်​​တော်​ချစ်​ပုံရတယ်​ "

ညီ​လေးcool
ဒီအိမ်​ရဲ့ သူတစ်​ဦးတည်း​သော ခင်​တွယ်​ရာ

"ငါ့တူကြီးက ၂ ပတ်​ တစ်​​ခေါက်​​လောက်​ အိမ်​​ရောက်​​နေကျ အခု​ ​ရောက်​မလာ​တော့ မင်းညီ​လေးကို ​မေ့​နေပြီ ထင်​​နေတာ "

"Nong'cool ​ရော"

"သူ သင်​တန်းသွားတယ်​​လေ
မင်းညီက​တော့ မင်းဝယ်​​ပေးတဲ့ အ​ကောင်းစားဖုန်းကို တကြွားကြွားနဲ့ရယ်​ "

"သူ​တောင်​ သင်​တန်းတက်​​နေပြီလား"

"ဒါ ငါ့တူကြီးရဲ့ ​ကျေးဇူး​ကြောင့်​ပါ
နောက်​ပြီး သူ​ဌေး​လေး singto က
တကယ်​ လူ​ကောင်း​လေးပဲ"

ဦး​လေးဖြစ်​သူရဲ့ မျက်​ဝန်းမှာ krist တစ်​ခါမှ မမြင်​ဖူး​သော အရိပ်​​ယောင်​များ ​တွေ့မြင်​ရသဖြင့်
Krist တကယ်​ပင်​ အံသြရ၏

နှလုံးသားရဲ့ အနီးဆုံး​နေရာ(zawgyi +unicode)(completed)Donde viven las historias. Descúbrelo ahora