Extra 2

926 90 12
                                    

"အစ်​ကို ဒီမှာ စုပ်​လုံး​လေး​တွေ"

ညဘက်​ကြီး singto ကုတင်​​ပေါ် krist ဆိုသည့်​​ကောင်​​လေး ရုတ်​တရက်​ ​ပေါ်လာသည်
သူ့လက်​ထဲမှာ စုပ်​လုံး အများပြား ကိုင်​ထားပြီ သူ့ကို ပြုံးကာ ​ပေး​နေသည်

"အစ်​ကို ကျွန်​​တော့်​စီက​နေ လာယူပါ"

Singto ကြက်​သီး​တွေ ထသွားရသည်
Krist ပြုံးပြ​နေတဲ့ အပြုံးကြီးက သရဲကားထဲက သရဲမ ပြုံးပြ​နေသလိုကြီ

Singto တံ​တွေးမြိုချပြီး မှင်​​သေ​သေ ကြည့်​​နေမိသည်

"ယူ ပါ"

"မယူဘူး"

Singto ငြင်းပြီး​နောက်​ krist လက်​ထဲ စုပ်​လုံး​တွေ အ​ရေတွက်​ ပိုများလာသည်

အီးဟီး ငါ့ကို အ​သေသတ်​သွား

Singto ​ကြောက်​​ကြောက်​ဖြင့်​ krist ထံမှ စုပ်​လုံး​တွေကို ဖာ်​ထုပ်​ပစ်​လိုက်​သည်

ထိုက​လေး မျက်​နှာက ပြုံး​နေဆဲ

ကျသွားတဲ့ စုပ်​လုံး​တွေက ရုတ်​တရက်​ကြီး.သူ့အခန်းအပြည့်​ ဖြစ်​သွားရသည်

"ကြည့်​ပါလား အစ်​ကို့လက်​နဲ့ ထိလိုက်​​တော့ စုပ်​လုံး​တွေက အများကြီး ဖြစ်​သွားပြီ "

ကြမ်းပြင်​​ပေါ် ကျ​နေသည့်​ စုပ်​လုံးအ​ရေတွကိ​ပေါင်းများစွာကို ကြည့်​ပြီး singto အားကုန်​ ​အော်​ပါ​တော့သည်

Krist ရဲ့ ​အော်​ရယ်​သံနှင့်​ singto ရဲ့ ​အော်​ဟစ်​သံ ​ပေါင်းမိပြီး​နောက်​မှာ​တော့ singto အိပ်​မက်​က လန့်​နိုး၏

Singto နဖူးပြင်​မှာလည်း ​ချွေး​တွေ စို့​နေသည်

တောက်​ ငါက ချိုချဉ်​မြင်​ပြီး ​ကြောက်​ရမယ့်​ အဖြစ်​လား....


Singto ကိုယ့်​အိပ်​မက်​ကို​တွေးပြီး ရင်​နာလို့ မဆုံးဘူး
ဘယ်​သရဲမှ မ​ကြောက်​တဲ့ ​ယောက်ျားရင့်​မာကြီးက krist ရဲ့ ချိုချဉ်​လုံး​တွေမြင်​​တော့ ​ကြောက်​​ချွေး​တွေ ပြန်​ရသည်​အထိ

Singto ​ရေချိုးခန်းထဲ ဝုန်းဒိုင်း ဝင်​သွားသည်
ခေါင်းကစပြီး ​ရေချိုးလိုက်​ရင်း ထိုအိပ်​မက်​ကို ​မေ့​မေ့​ဖျောက်​​ဖျောက်​ လုပ်​လိုက်​သည်

နှလုံးသားရဲ့ အနီးဆုံး​နေရာ(zawgyi +unicode)(completed)Donde viven las historias. Descúbrelo ahora