အပိုင်း ၁၂-Z+U-

1K 88 0
                                    

(Zawgyi)

Krist နှင့်​ singto တို့ အိမ်​ပြန်​လာခဲ့ကြသည်
ပြသနာများက ဘယ်​က ဘယ်​လို စ ဖြစ်​ကြမှန်းမသိ​ပေ

Krist စိတ်​ရှုပ်​​နေသည့်​ကြားမှ ပတ်​ဝန်းကျင်​အ​ခြေအ​နေကလည်း လန်းဆန်းမ​နေ

ဒီ​နေ့ မိုးတိမ်​များစွာ အုံ့မည်းလို့ ​နေသည်​ပင်
ထိုနည်းတူစွာ krist ရဲ့ အတွင်းဘက်​သည်​လည်း အ​ခြေ​နေ ဆိုးဝါး​နေခဲ့၏

ဆိုဖာ​ပေါ်သို့ ​ခြေပစ်​လက်​ပစ်​ ထိုင်​ချလိုက်​သည့်​ krist က အခုထိ အ​တွေးထဲက မထွက်​နိုင်​​သေး

"Kit ​ရေ ​သောက်​လိုက်​ဦး"

Singto ကမ်း​ပေးသည့်​ ​ရေခွက်​ကို krist အခုချိန်​မှာ မ​သောက်​ချင်​​သေးပါ

Coolနဲ့ ပက်​သက်​သည့်​ ကိစ္စကို krist ရဲ့ မမှီနိုင်​​သော ညဏ်​ရည်​ဖြင့်​ ကြိုးစားပြီး စဉ်းစားချင်​​သေးသည်

Krist ဒီအ​ခြေ​နေကို ရုတ်​တရက်​ ​နေသားမကျသလို ဖြစ်​လာခဲ့သည်

ဘယ်​လို​တွေ ဖြစ်​ပျက်​ခဲ့တာလည်း သူ လိုက်​မမှီ​တော့​ချေ

Singto သည်​ krist ရဲ့ နံ​ဘေးသို့ ဝင်​​ရောက်​ ထိုင်​လာခဲ့ပြီး အ​တွေးများ​နေသည့်​ krist ရဲ့ ပုခုံးကို ညင်​သာစွာ ဖက်​​ပေးရင်း နှုတ်​ဆိတ်​လျက်​ ငြိမ်​သက်​စွာ ​နေ​ပေးသည်

ဘေးနားမှာရှိ​သော singto ရဲ့ အပြုံး​တွေက krist အပူမီးကို အနည်းငယ်​မျှ သက်​သာ​စေ​အောင်​ ကူညီ​ပေးနိုင်​ခဲ့ပါသည်

"အစ်​ကို ကျွန်​​တော်​ ညီ​လေး cool ကို စိတ်​မချဘူး
အာ့က​လေးက တဇွတ်​ထိုး တအားလုပ်​တတ်​တာ"

"စိတ်​အားအားထားပါ kit ရယ်
သူ သွားတတ်​တဲ့ ​နေရာ​တွေ အစ်​ကိုတို့ ​သေချာစဉ်းစားပြီး ရှာကြတာ​ပေါ့
Kit သူ ဘယ်​​နေရာ​တွေ သွား​တတ်​လည်း သိလား"

"သူ သွားတတ်​တဲ့ ​နေရာ
ဟင့်​အင်း ကျွန်​​တော်​ မစဉ်းစားတတ်​ဘူး"

အမှန်​ပင်​ krist စဉ်းစားလို့မရ
ပိုဆိုးသည်​က krist က အတိတ်​က လာခဲ့သည့်​သူမို့ cool ဘယ်​လို ပုံစံ ဖြစ်​​နေမလည်း သူ မခန့်​မှန်းနိုင်​ပါ
အဆိုးဆုံးအ​ခြေ​နေဆို သူ့ကိုယ်​သူ​တောင်​ မခန့်​မှန်း နိုင်​သည်​မို့ cool ရဲ့ အ​ကြောင်း စဉ်းစားဖို့ ဦး​နှောက်​က လက်​​လျော့လိုက်​​လေပြီ

နှလုံးသားရဲ့ အနီးဆုံး​နေရာ(zawgyi +unicode)(completed)Donde viven las historias. Descúbrelo ahora