Extra 5

1.5K 108 10
                                    

(Zawgyi)

"အစ်​ကို ဒီဘက်​ကို မလာခဲ့နဲ့ "

ကားသံ​တွေကြား ကြားလိုက်​ရတဲ့ သူရင်းနှီး​နေသည့်​ အသံ​လေးတစ်​ခု
မြင်​ရတဲ့သူ စိတ်​​တွေ ရှုပ်​​ထွေး​နေသည်
သူ့​ခြေ​ထောက်​​တွေကလည်း မလာပါနဲ့ ဆိုတာကို ​လှမ်း​နေမိ​သေးတယ်

ပုံရိပ်​​လေး အ​ဝေးက​နေသူ့ထံ လှမ်းလာ​နေတဲ့ ​ပုံရိပ်​​လေး
အားကုန်​စိုက်​ပြီး သူ့စီကို ​ပြေးလာ​နေပြီ
စိုးရိမ်​မှု​တွေ ပူပန်​မှု​တွေ ဝမ်းနည်းမှု​တွေ
အကုန်​​ရောထားတဲ့ မျက်​ဝန်း​လေး​တွေနဲ့ သူ့စီကို အ​ပြေးနှင်​လာသည့်​ ပုံရိပ်​က​လေးတစ်​ခုကို သူ မြင်​​နေရတယ်

အလျင်​မြန်​​သော အရှိန်​နဲ့အတူတူ
သူတို့နှစ်​​ယောက်​လုံး ​လေထဲ လွင့်​သွားသလိုပဲ
သူ ဘာနာကျင်​မှုမှကို မခံရပဲနဲ့ ထိုပုံရိပ်​​လေးနဲ့အတူ ​လေထဲ ​မျောလွင့်​​နေပြီ

"ကျွန်​​တော်​ ခင်​ဗျားကို အ​သေမခံနိုင်​ဘူး "

စူးနစ်​​နေ​သော ​အော်​သံ​လေးတစ်​ခု နားထဲ စွဲထင်​သွားတယ်

သူ့ပုံစံကြည့်​ရတာ ကျွန်​​တော့်​အသက်​ကို ရ​အောင်​ ကယ်​ချင်​​နေသည့်​ စိတ်​က အရမ်း ပြင်းထန်​​နေသည်

တစ်​​ရွေ့​ရွေ့ လှမ်းလာတဲ့ သူ့ရဲ့ လက်​က​လေး
သွေးအနည်းငယ်​​တော့ စွန်း​နေ​ပေမယ့်​ နူးညံ့ပါတယ်

ကျွန်​​တော်​ အခုထိ မနာကျင်​​သေးပါဘူး
ကျွန်​​တော့်​ ခန္ဓာကိုယ်​မှာ ​သွေး​တွေ တစိမ့်​စိမ့်​ စီးဆင်း​နေတာ​တောင်​ ကျွန်​​တော်​ နာကျင်​မှုကို မခံစားရဘူး
ကျွန်​​တော့်​ ခန္ဓာကိုယ်ရဲ့ အချို့ အစိတ်​အပိုင်း​တွေ ကျိုး​ကြေ​နေတာ​တောင်​ ကျွန်​​တော်​ မနာကျင်​​​သေးဘူး
ဒီအစား ကျွန်​​တော်​ ပြုံး​နေ​သေးတယ်

မျက်​လုံးဖွင့်​တဲ့အချိန်​ ဒီအ​ရှေ့က ပုံရိပ်​​လေးကို အရင်​ဆုံး မြင်​ရတဲ့ ကျွန်​​တော်​က မျက်​လုံးမှိတ်​သွားတဲ့အချိန်​မှာလည်း ဒီပုံရိပ်​ကို ​နောက်​ဆုံး မြင်​လိုက်ခဲ့ရပါတယ်​ ကျွန်​​တော်​ဟာ ဒီ​လောကမှာ တကယ်​ ကံအထူးဆုံး လူသားတစ်​ယာက်​ပါ

နှလုံးသားရဲ့ အနီးဆုံး​နေရာ(zawgyi +unicode)(completed)حيث تعيش القصص. اكتشف الآن