မနက်ဖြန်ဆိုအထက်တန်းနောက်ဆုံးနှစ်တက်ရတော့မည်ဖြစ်တာကြောင့်
အားလပ်ရက်နောက်ဆုံးညအနေနဲ့
ရိပေါ် တစ်ယောက်နိုက်ကလပ်မှာသောင်းကျန်းနေသည်။"ဟေ့ကောင် ဟိုမှာကြည့် ကြည့်
ကြည့်ဦး"ဝင်ပေါက်ကိုမေးငေါ့ပြီးဆိုလာတဲ့ မော့ရှမ်းရဲ့စကားကြောင့်
ရိပေါ် အကြည့်တို့ကဝင်ပေါက်ကလှေကားကိုရောက်ရှိသွားသည်။"What! ဒီကလပ်ကမူကြိုကလေးတွေလည်းအဝင်ခံတာပဲလား"
"ဟားဟားဟား"
ရိပေါ်စကားကြောင့်တစ်ဖွဲ့လုံးပွဲကျသွားရသည်။
သူပြောလဲပြောချင်စရာပါ။
တီရှပ်အပြာနုလေးကိုဂျင်းပြာဘောင်းဘီနဲ့တွဲဖက်ဝတ်ထားတာကြောင့်
ရေခဲမင်းသားလေးလားထင်မှတ်ရတဲ့ကောင်လေးသည် ရိပေါ်အမြင်မှာအတော်နုနယ်နေသည်။"ချစ်တော့ချစ်စရာလေးကွ
ဘယ်ကိုလာတာလဲမသိဘူး
ရိပေါ် မင်းမကြိုက်ရင်ငါသွားလုံးမယ်ကွာ""နေ နေ…အဲ့ဒီယုန်ကိုငါအမဲဖျက်မယ်"
ထို့နောက် ရိပေါ် ယုန်သူငယ်လေးရှိရာကိုလျှောက်လာခဲ့သည်။
ရိပေါ် ဘာစကားမှမဆိုသေးဘဲ
သူ့ရှေ့မှာပိတ်ရပ်လိုက်တော့မျက်မှောင်ကြုံ့ကာကြည့်လာသည်။"အခုမှပထမဆုံးရောက်ဖူးတာထင်တယ် ပြောပါဦး ဘယ်ကိုသွားချင်တာလဲ…
ကိုယ်လိုက်ပို့ပေးပါရစေ"ထိုသို့ဆိုတော့
ယုန်လေးက ရိပေါ်တစ်ကိုယ်လုံးကိုခြေဆုံးခေါင်းဆုံးကြည့်သည်။"ဟေး… one night stanလိုတာလား?
ဒါဆိုရင်တော့ကိုယ်ကကူရှာပေးရုံပဲတတ်နိုင်မှာနော်
မင်းလေး ကိုယ့်ကိုတော့မရနိုင်ဘူး"ယုန်ကမချိပြုံးပြုံး၏…။
"မင်းအသက်မပြည့်သေးဘဲ
ဂိတ်စောင့်ကိုလာဘ်ထိုးပြီးဝင်လာတာဘယ်နှစ်ခေါက်ရှိပြီလဲ?"ရိပေါ်ကြောင်သွားသည်။
ဘာလဲ ဒီကောင်လေးကအကြားအမြင်ရတာလား။အမှန်ပြောနေတာဖြစ်ပေမယ့်
ရိပေါ်မျက်နှာကိုချက်ချင်းပြင်ပြီး ကိုယ်ဟန်ဖို့လိုက်သည်။
