အဖြေလွှာစာရွက်ကိုအပ်ဖို့အတွက် အလှည့်ကျအတန်းစောင့်ဆီကိုလျှောက်လာချိန်မှာ ရိပေါ် ခြေထောက်နဲ့ကြမ်းပြင်ကထိရောထိရဲ့လားလို့တောင်သံသယဝင်မိသည်။
အခြေအနေကအရမ်းအကောင်းကြီးမဟုတ်သော်ငြားအရင်လကအဆင့်ထက်တော့ တက်နိုင်ကောင်းပါရဲ့။
"ဘယ်လိုလဲ…ဖြေနိုင်လား"
အခန်းပေါက်မှာ ဆီးကြိုမေးတဲ့သူက
ဟန်ရှောင်းမီ ။"အေး မဆိုးပါဘူး"
'နင်ရော'လို့တောင်ဝတ်ကျေတန်းကျေမမေးတဲ့ ရိပေါ်က
ကော်ရစ်တာအဆုံးက ဆရာတွေရဲ့နားနေခန်းကိုမျှော်တကြည့်ကြည့်နဲ့
လုပ်နေသည်။ဟ,နေတဲ့ခန်းစီးကြားကနေ အထဲကို
ကုန်းကုန်းကွကွနဲ့လှမ်းချောင်းနေသည်မှာ ဘေးမှာဟန်ရှောင်းမီရှိနေမှန်းတောင်သတိရပုံမပေါ်တော့။"ဟို ကန်တင်းမသွားဘူးလားရိပေါ်
နေ့လည်စာစားချိန်တောင်ရောက်နေပြီ
တစ်လက်စထဲ ငါနဲ့အတူ…""ဟေးး ဆရာရှောင်း ဟိုင်း ဟိုင်း
ငါသွားတော့မယ် ဟန်ရှောင်းမီ"ရှောင်းမီစကားမဆုံးသေး…
နားနေခန်းထဲကထွက်လာသောဆရာရှောင်းကျန့်ကို လက်တပြပြလုပ်ကာ
သူမကိုတော့ ရိပေါ်ကအလျင်စလိုနှုတ်ဆက်သွားသည်။"ကန်တင်းသွားမယ်…ကျွန်တော်ဗိုက်ဆာပြီ"
"ငါ ဆရာမလော့ ယူခဲ့တဲ့ကောက်ညှင်းထုပ်တွေစားပြီးသွားပြီ"
"အာ့ဆိုတစ်ခုခုလိုက်သောက်
ကျွန်တော်ဒကာခံမယ်ဗျာ…လာစမ်းပါ"လက်မဆွဲရုံတမယ်…
ဇွတ်အတင်းခေါ်သွားသည့်ရိပေါ်နောက်ကို ဆရာရှောင်းကျန့်ကအီလည်လည်နှင့်လိုက်သွားရသည်။သူတို့နှစ်ယောက်အားမျက်တောင်မခတ်ကြည့်နေသည့်
ဟန်ရှောင်းမီမှာ လက်သီးကိုကျစ်နေအောင်ဆုပ်ထားသည်မှာ လက်ဖဝါးနုနုရဲလာသည်အထိ။သူမကလှသည်။
အသိုင်းအဝိုင်းလည်းကြီးသည်။
ငယ်ရွယ်သည်၊နုပျိုသည်။
နောက်ဆုံး သူမကမိန်းကလေးဖြစ်နေရဲ့နဲ့ချစ်ရသူကိုယောက်ျားတစ်ယောက်နဲ့ပြိုင်လုရမှာအတော်ကိုစက်ဆုပ်စရာကောင်းသည့်အဖြစ်။
ဒါပေမယ့်ရိပေါ်ကိုချစ်နေတော့လည်း
သူမနှလုံးသားကိုမလွန်ဆန်နိုင်ပါ။