စိမ်းစိုနေတဲ့တောင်တန်းအသွယ်သွယ်၊
ဟိုတစ်စု ဒီတစ်စုပွင့်နေကြတဲ့တောပန်းလေးတွေကိုငေးရင်း
သီချင်းဖွင့်မထားတဲ့နားကြပ်ကိုတပ်ပြီး
ဘတ်စ်ကားပေါ်မှာ ရှောင်းကျန့် ငြိမ်သက်စွာလိုက်လာသည်။"ရွှဲ့ယူ ကိုသွားမယ့်ခရီးသည်များ
အရှေ့မှတ်တိုင်မှာဆင်းနိုင်ပါပြီ"စပီကာကထွက်လာတဲ့အသံကြောင့်
ရှောင်းကျန့် ကျောပိုးအိတ်ကိုပြင်လွယ်ပြီးဆင်းဖို့အသင့်ပြင်ထားလိုက်သည်။မကြာခင်ဘတ်စ်ကားရပ်သွားပြီးနောက်
မှတ်တိုင်နားကစတိုးဆိုင်မှာပဲ
မနက်စာဗိုက်ဖြည့်ဖို့အတွက် ခေါက်ဆွဲဗူးတွေရွေးနေတုန်း…"ဟာ…ဆရာရှောင်းမဟုတ်လား
တိုက်ဆိုင်လိုက်တာ ဒီမှာလာတွေ့ရတယ်လို့"နှစ်ခါထပ်ပြီးမေးခွန်းထုတ်စရာမလိုအောင်ကို ရိပေါ်အသံဆိုတာ ရှောင်းကျန့်သိလိုက်သည်။
ဒါ သူ့နောက်ကိုဒီကောင်လေးတမင်လိုက်လာတာ! အဲ့ဒါကိုများတိုက်ဆိုင်တယ်လေးဘာလေးနဲ့!တကယ်ပါသူ့စကားဆိုဒီကောင်လေးနားကိုမထောင်တာ!
"ဆရာရှောင်း"
ရှောင်းကျန့်
ရိပေါ်အားအမြင်ကပ်ကပ်နဲ့သေချာအဖက်မလုပ်တာကို
ရိပေါ်ကတော့အဲ့လိုမထင်
ဆရာရှောင်းကနားကြပ်တပ်ထားလို့သူ့အသံကိုမကြားတာဟုမှတ်ကာ
ရှောင်းကျန့်ရှေ့မှာပိတ်ရပ်လိုက်သည်။ထို့နောက် ဆူပုပ်ပုပ်ဖြစ်သွားတဲ့ရှောင်းကျန့်ရဲ့နားတစ်ဖက်မှ နားကြပ်ကိုဆွဲယူကာနားထောင်ကြည့်၏။
"ဟင် ဘာသီချင်းမှလဲဖွင့်မထားဘူး
ဆရာကကျွန်တော့်စကားကိုတမင်မကြားချင်ယောင်ဆောင်တာပေါ့""မင်းကရောငါ့စကားကိုနားထောင်လို့လား"
ဆောင့်အောင့်ပြောပြီး ရှောင်းကျန့်
ခေါက်ဆွဲတစ်ဗူးကိုဆွဲယူကာရေနွေးသွားထည့်တော့လဲ ရိပေါ်ဘေးကကပ်ပါလာပြန်သည်။"ဒီလိုပဲလေဗျာ…ဆရာ့စကားကိုနားမထောင်မိတာက ဆရာ့ကိုစိတ်ပူလို့လေ
ဘယ်သွားသွားအနားမှာပဲအရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်ပေးချင်လို့ကို"