"ဆရာရှောင်း ဧည့်သည်ရောက်နေတယ်"
"အော် ဟုတ်ကဲ့ဗျ"
ဆရာမယွဲ့ကိုခေါင်းငုံ့နှုတ်ဆက်ပြီး
ရှောင်းကျန့် ဧည့်တွေ့ဆောင်ဘက်ကိုထွက်လာခဲ့သည်။အဆောင်ထဲကိုရောက်တော့
ကိုယ့်မျက်လုံးကိုယ်ပင်မယုံနိုင်။
ကနေဒါကိုအပြီးသွားနေတော့မယ်လို့ပြောခဲ့တဲ့ လီလီ…။"ဝိုး…ချောလာလိုက်တာရှောင်းကျန့်ရ
မတွေ့ရတဲ့2နှစ်လေးအတွင်းလေ
လမ်းခွဲခဲ့တာတောင်နောင်တရတော့မယ်ဟေ့"ပြောပါပြီ…ပေါက်ကရ။
လီလီနဲ့သူကငယ်သူငယ်ချင်း၊
တက္ကသိုလ်တစ်ဝက်တစ်ပြက်နဲ့ ကနေဒါကျောင်းကိုပြောင်းသွားတဲ့သူမက
ရှောင်းကျန့်နဲ့ဆိုရှယ်မီဒီယာမှာတော့အဆက်အသွယ်ရကြသေးတယ်။
အခုတော့ပြန်လာမယ်လို့လဲကြိုမပြောဘဲရောက်ချလာတာ…!"အပိုတွေပြောမနေနဲ့…ဘာကိစ္စငါ့ဆီရောက်လာတာလဲ"
"တရုတ်ကိုအလည်ပြန်လာတုန်းလေး
ကိုယ့်သူငယ်ချင်းအလုပ်လုပ်နေတဲ့နေရာကိုလာလည်တာပဲ ဘာဖြစ်လဲ!
စကားမစပ်
နင့်ကျောင်းကကျောင်းသားလေးတွေချောလားဟင်"ရှောင်းကျန့်
လီလီရဲ့လိမ္မော်ရောင်ဆံပင်တွေကို
လက်နှစ်ဖက်နဲ့ကိုင်ပြီးအားရပါးရဖွပစ်လိုက်တယ်။
ရုပ်ကလေးလှပြီးမာနကြီးတယ်ထင်ရပေမယ့် သေချာပေါင်းကြည့်ရင် တကယ့်ဗရုတ်မလေး!"နင်ကလည်း…ကနေဒါကအဖြူကောင်တွေက ခံစားလို့မရဘူးဟ!
နည်းနည်းလေးနော် တကယ့်ကိုနည်းနည်းလေးသဘောကျမိလို့အထာပေးလိုက်တာနဲ့မိုတယ်ခေါ်အိပ်ဖို့ပဲတွေးနေကြတာ""ရှူး…လီလီ!နင်ဟာ
ပါးစပ်စည်းကမ်းရှိလေ
ဒါကကျောင်းနော် ကနေဒါကကျောင်းလဲမဟုတ်ဘူး
တရုတ်ပြည် ရှန်ဟိုင်းကကျောင်း"အဲ့ဒါတော့မှ လီလီကသူ့ပါးစပ်သူပြန်အုပ်ပြီး…
"ဟိုမှာနေတာကြာသွားတော့
ပွင့်ပွင့်လင်းလင်းပြောဆိုတာကအကျင့်ဖြစ်နေလို့ပါဟ
နင်ရော အခုထိဓာတ်လှေကားကြောက်တုန်းလား""ဟားဟား…
အောက်ဖဲတွေမလှန်ကြေးလေ
ဒီလိုဆို ကဲ နင်ရောပန်းအနံ့ကိုရှူလို့မရသေးဘူးမို့လား"