"ကျွန်တော့်ကောင်လေးရဲ့မျက်နှာလှလှလေးကိုများ ကျစ်
အဲ့ကောင်တွေကိုတကယ်ဆော်ချင်တာဗျာ"
ရှောင်းကျန့်ကိုဆေးထည့်ပေးနေရင်း
ရိပေါ် ပါးစပ်ကလဲပြော,လက်ကလဲအားပါသွားပြီး ရှောင်းကျန့်မျက်နှာလေးရှုံ့မဲ့သွားရသည်။
"ဖြည်းဖြည်း …ရိပေါ်"
"အာ… ဆောရီး ဆောရီး ကော"
အဲ့ဒီနောက်မှ ဒဏ်ရာတွေကိုလေနဲ့တဖူးဖူးမှုတ်ပေးလိုက်,နူးနူးညံ့ညံ့လေးနှင့်ဆေးထည့်ပေးခြင်းကိစ္စပြီးမြောက်သည်။
ထို့နောက် ရှောင်းကျန့်က
ရိပေါ်အတွက်ကော်ဖီဖျော်ပေးရန်
အစိမ်းရောင်ဖန်ခွက်လေးကိုထုတ်လာ၏။
"တရားလိုဘက်ကဆွေမျိုးတွေနေမှာပဲ
သူတို့အမှုရှုံးသွားလို့ငါ့ကိုသက်သက်လာမဲတာ"
"တရားလိုဘက်ကဆွေမျိုးဆိုတော့
ကောက တရားခံဘက်ကနေအမှုလိုက်ရတာလား"
"အင်း.…"
ဆိုဖာပေါ်ထိုင်နေရင်းသူ့ကိုပြူးကြည့်နေတဲ့ ရိပေါ်အကြည့်တွေကိုနားလည်တာကြောင့်
ရှောင်းကျန့်ကဆက်ပြောသည်။
"တရားခံလို့နာမည်တပ်တိုင်းတရားခံအစစ်မဟုတ်ဘူး ရိပေါ်
တစ်ခါတစ်လေ တရားလိုကတရားခံဖြစ်နေတတ်တယ်"
ထိုအခါရိပေါ်က ကလေးပေါက်စလေးတွေစဉ်းစားခန်းဝင်သလို
မျက်လုံးလေးဝင့်ကာစဉ်းစားပြီး…
"ထားလိုက်တော့ ကောရဲ့ဥပဒေအကြောင်းတွေကျွန်တော်နားမလည်ဘူး
ကျွန်တော်နားလည်တာက ကော ကျွန်တော့်ကိုအမြန်ဆုံးလက်ထပ်ဖို့"
"ဘာ !! ဘာပြောတယ်
ငါက မင်းကို အမြန်လက်ထပ်ရမယ်"
"အင်းလေ"
ဖြေလဲဖြေ,ခေါင်းလဲငြိမ့်ပြပြီး
မျက်နှာချင်းဆိုင်ထိုင်နေရာကနေ
ရိပေါ်က ရှောင်းကျန့်ဘေးကဆိုဖာပေါ်ကိုခုန်တက်လာပြီး
ရှောင်းကျန့်ကို ဘေးတိုက်အနေအထားနဲ့ခါးကနေသိမ်းကြုံးဖက်ထားလိုက်တယ်။
ရိပေါ်ခေါင်းကလဲရှောင်းကျန့်ပုခုံးပေါ်တင်ထားပြီး ခွေးပေါက်လေးကအငြိမ်မနေဘူး။ ရှောင်းကျန့်ရဲ့ပုခုံးကိုတစ်ရှုံ့ရှုံ့နဲ့အနံ့ခံနေရော။
