စာသင်ခန်းထဲဝင်လာတဲ့ရိပေါ်ကို
ခုံပေါ်ကလက်ဆောင်ထုပ်လေးတစ်ခုကကြိုဆိုနေသည်။ရိပေါ်အထုပ်ထဲကပစ္စည်းကိုထုတ်ကြည့်တော့ ခုတလောနာမည်ရနေတဲ့ရေမွှေးတံဆိပ်အသစ်ပင်။
"ဝူးဟူးး"
သူငယ်ချင်းတစ်သိုက်ကတော့
ရိပေါ်ကိုအော်ဟစ်နေအားပေးနေကြသည်။သူတို့အဖွဲ့ထဲမှာစော်ကြည်ဘဲတစ်ယောက်ရှိတာက သူတို့ကိုလဲဂုဏ်တက်စေသည်မဟုတ်လား။"ဘယ်သူလိုချင်လဲ?"
ရေမွှေးပုလင်းကိုမြှောက်ပြပြီး
ရိပေါ်မေးလိုက်သည်။"ဟာ ဟေ့ကောင်…
သူများကစေတနာနဲ့ပေးတာကိုမင်းကလက်မခံဘူးလား""ဒီလက်ဆောင်ကိုငါယူလိုက်ရင်တစ်ဖက်လူကတစ်မျိုးထင်သွားနိုင်သွားတယ်
မော့ရှမ်း
ငါတကယ်မချစ်ဘဲဘယ်သူ့ကိုမှမျှော်လင့်ချက်မပေးဘူး
ပြီးတော့ ငါ့ကိုရည်ရွယ်ပေးတဲ့အတွက်ငါ့အပိုင်ဖြစ်သွားတဲ့ပစ္စည်းကို
ငါလုပ်ချင်သလိုလုပ်လို့ရတယ်"နှုတ်ခမ်းမဲ့ပြီးခေါင်းငြိမ့်နေတဲ့လင်းပိုက
သူ့ကိုထောက်ခံတယ်ဆိုတဲ့သဘော။"ဒါဆိုငါ့ကိုပေး"
ရိပေါ်လက်ထဲကနေဖျတ်ကနဲ့လုသွားတဲ့ အတန်းခေါင်းဆောင်က
ရေမွှေးပုလင်းကိုပွတ်သပ်ကြည့်နေကာ
သဘောကျလို့မဆုံးပေ။"ငါလိုချင်ပေမယ့်ဈေးကြီးလို့ငြိမ်နေတာကွ ကျေးဇူးပဲရိပေါ်"
ကိုယ့်လက်ထဲမှာတန်ဖိုးမရှိတဲ့အရာကို
သူများကတန်ဖိုးထားနေရင်
ဘာပဲဖြစ်ဖြစ်ပေးလိုက်ရတာတန်ပါတယ်။"ရပါတယ်
မင်းသာကောင်းကောင်းသုံး"ရိပေါ် လွယ်အိတ်ကိုခုံကြားထဲထိုးထည့်လိုက်တော့ ဂွက် ခနဲ့အသံနဲ့အတူ
အကြည်ရောင်ခေါက်ထီးလေးထွက်လာ၏။"ကဲ ကဲ
မနေ့ကကျက်စာတွေကိုပြန်ဆိုရင်း
စာသင်ချိန်ကိုစတင်ကြရအောင်"အချိန်ကိုက်ဝင်လာတဲ့
ရှောင်းလောင်ဆစ်ကိုကြည့်ပြီး
ထီးကိုကိုင်ထားရက်သား ရိပေါ်ရဲ့လက်လေးတင်းကျပ်သွားသည်။
![](https://img.wattpad.com/cover/211223549-288-k728891.jpg)