"ကဲ ဒီလိုလုပ်လိုက်တော့နင်စိတ်ချမ်းသာသွားရောလား"
ခရီးရောက်မဆိုက် ရေသောက်နေတဲ့ရှောင်းကျန့်က လီလီ့စကားကြောင့်
သီးသွားရှာတယ်။"အေး နည်းနည်းတော့စိတ်ချမ်းသာသလိုရှိသား"
"နည်းနည်း?
နည်းနည်းပဲစိတ်ချမ်းသာတယ်မို့လား
အပြည့်အဝပျော်လို့လား ဟင်
ရှောင်းကျန့်""နားညီးတယ် လီလီရာ
နင့်ပါးစပ်ပိတ်တော့"ထို့နောက် သတို့သားဝတ်စုံတောင်မလဲသေး။ ဆိုဖာပေါ်ဆောင့်ကြောင့်တက်ထိုင်ပြီး တီဗွီကိုဟိုလိုင်းလှည့် ဒီလိုင်းလှည့်လုပ်နေလေသည်။
လီလီလည်းရှောင်းကျန့်လက်ထဲကရီမုကိုပြန်လုယူလိုက်ပြီး…
"ပေး ဘာမှကြည့်တာလဲမဟုတ်ဘဲနဲ့
ငါ့ဇာတ်လမ်းကလာတော့မှာ"ထို့နောက် လီလီက TVရှေ့
တစ်ယောက်ထိုင်ဆိုဖာပေါ်မှာထိုင်ပြီး
ခြေထောက်က စားပွဲပေါ်ပစ်တင်ထားသေးသည်။တကယ်ပါ။မိန်းမလို့ကိုယုံချင်စရာမရှိတာ။
ရှောင်းကျန့် ပေါက်ပေါက်ဗူးထဲလက်နှိုက်ပြီး လက်တစ်ဆုပ်စာပါလာတဲ့ပေါက်ပေါက်တွေကို လီလီ့ခေါင်းပေါ်လှမ်းပစ်လိုက်တယ်။
"မိန်းကလေးဖြစ်ပြီး အိနြေ္ဒရှိရှိမနေတတ်ဘူးလား လီလီမ"
"တော်တော့နော် ရှောင်းကျန့်
ဇာတ်လမ်းအေးဆေးကြည့်
အော နင်သိလား
ဒီဇာတ်လမ်းတွဲကလေ မင်းသားကိုချစ်ပေမယ့်သူ့မာနကြောင့် ဝန်မခံရဲဖြစ်နေတဲ့ကောင်မလေးအကြောင်းဟ£
အရမ်းမိုက်တယ် နင်ကြည့်ကြည့်"လီလီတမင်ဆွပေးလိုက်ကာ
အကဲခတ်ကြည့်တော့ ရှောင်းကျန့်က
မဆိုးတဲ့ချောင်းကို အတင်းလုပ်ဆိုးပြီး…"ငါ အဝတ်သွားလဲလိုက်ဦးမယ်
နင် ငါဝယ်ခိုင်းတဲ့ယောက်ျားလေးအင်္ကျီတွေဝယ်ထားတယ်မို့လား""ကြွကြွ
နင့်အခန်းထဲမှာထည့်ပေးထားတယ်"ရှောင်းကျန့် အခန်းထဲရောက်တော့
အနက်ရောင်Suitကိုချွတ်ပြီး
ရေချိုးခန်းထဲဝင်လာခဲ့သည်။