Chapter 14

11.8K 1.4K 14
                                        

သိပ်ရှုပ်ထွေးတဲ့ကိစ္စတစ်ခုက ရိပေါ်ဆေးကျောင်းနောက်ဆုံးနှစ်,ကျောင်းဆင်းပွဲနားနီးတဲ့အချိန်မှာဖြစ်ပေါ်ခဲ့တယ်။

အဲ့ဒီနေ့ညနေကတောင် သူ ရှောင်းကျန့်နဲ့ဖုန်းပြောကြသေးတယ်။
မကြာခင် ဘွဲ့ရတော့မှာဆိုတော့ ရှောင်းကျန့်ကိုလဲပိုင်ဆိုင်ရတော့မယ်ဆိုပြီး
ရိပေါ်ကအူမြူးနေခဲ့တာ။

"ဒီနေ့ညတော့ကျွန်တော့်ရဲ့ဖုန်းကိုစောင့်မနေနဲ့တော့နော်"

"ဘာလို့လဲ မအားဘူးလား"

"နောက်ဆုံးနှစ်တွေက တစ်ခါတစ်လေ
ဆရာဝန်တွေရဲ့အကူလုပ်ရတယ်ဆိုတာ ကော ကိုပြောပြဖူးတယ်လေ
အဲ့ဒါ ဒီနေ့ည စီနီယာအကိုတစ်ယောက်ကအကူအညီတောင်းထားတာ
သိပ်အရေးမကြီးတဲ့ patientတွေကူကြည့်ပေးပါဆိုလို့"

"အော်…ဟုတ်ပါပြီ
နောက်ဆုံးနှစ်တွေကလည်း မကြာခင်ဆရာဝန်ဖြစ်တော့မှာဆိုတော့ အတွေ့အကြုံတာပေါ့
ကျားယုံ!! ရိပေါ်"

"ညစာကိုအချိန်မှန်စားနော် ကော
နောက်မကျစေနဲ့"

"အဲ့ဒါ မင်းကိုပြောရမှာ….
ငါကကိုယ့်အိမ်မှာကိုယ်နေနေတာ ဘာမှစိုးရိမ်စရာမရှိဘူး
မင်းကသာဆေးရုံမှာမို့ စားဖို့မေ့နေဦးမယ်"

"ကောစိတ်ပူအောင်မလုပ်ပါဘူးခင်ဗျ"

"ဒါဆို ဖုန်းချလိုက်ပြီ ဂရုစိုက်!"

"ဟုတ်ကဲ့ …ချစ်တယ်"

"ငါ…ရော ပဲ"

ကြည့်…။ အဲ့ဒီစကားလေးကိုပဲ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသေးတာ။
ချစ်သူသက်တမ်းကမနည်းတော့ဘူးဆိုပေမယ့် ရှောင်းကျန့်က ရိပေါ်ဆီကချစ်တယ်ဆိုတဲ့စကားကြားတိုင်းရှက်နေတုန်းပဲ…။

ရိပေါ်ကတော့ ဖုန်းမျက်နှာပြင်ပေါ်က
ရှောင်းကျန့်ပုံလေးကိုကြည့်ပြီးအသည်းတယားယားနှင့်။

သိပ်မကြာခင်ပဲ ရိပေါ်ကိုအကူအညီတောင်းထားတဲ့ စီနီယာကဂျူတီဝင်လာတယ်။
လူနာရှင်းနေသေးတာကြောင့် သူ့ကိုနှုတ်ဆက်ပြီး ရိပေါ် ဆေးရုံကန်တင်းမှာပဲညစာစားလိုက်တယ်။

စီနီယာကအစာအိမ်ဌာနကမို့ သာမန်ဗိုက်အောင့်ဗိုက်နာလူနာတွေကို သူ့အစားရိပေါ်ကကြည့်ပေးရတယ်။

Only You (COMPLETED)Onde histórias criam vida. Descubra agora