Chapter 11

12.7K 1.5K 14
                                        

ရိပေါ် ကျောင်းကိုရောက်လာတော့
လူတိုင်းကသူ့ကိုသေချာလိုက်ကြည့်နေတာသတိထားမိသည်။
popularဖြစ်တဲ့ကျောင်းသားမို့ဆိုတာထက် ဒီနေ့ကြည့်တဲ့အကြည့်တွေကတစ်နည်းတော့ထူးဆန်းနေသလို…

"ဝေ…ငါတို့ရဲ့ချစ်သူငယ်ချင်းက
ယုန်ကြီးနဲ့အဆင်ပြေသွားတာတောင်လျှိုထားတယ်နော်"

"ဟုတ်တယ် ဟုတ်တယ်
ပြောတောင်မပြောပြဘူး"

လင်းပိုကရိပေါ်ပုခုံးကိုဖက်ပြီးဆိုတော့
မော့ရှမ်း စားလက်စဘာဂါကိုအတင်းမြိုချပြီးထောက်ခံ၏။

"မင်းတို့ကဘယ်လိုသိတာလဲ"

"Group chatမှာဒီလောက်နာမည်ကြီးနေတဲ့သတင်းကိုမသိစရာလားကွ"

ရိပေါ်က group chatမှာ memberဝင်မထားတဲ့အတွက် ဘာသတင်းတွေဘယ်လောက်ပြန့်နေကြောင်းမသိတာဖြစ်ကောင်းဖြစ်နိုင်သည်။

"ပြစမ်း!! ဘာတွေမို့…"

လင်းပိုရဲ့ဖုန်းကိုဆွဲယူကြည့်ပြီးနောက်
ရိပေါ် ပြောစရာစကားမဲ့သွားသည်အထိတုန်လှုပ်သွားရသည်။

ရိပေါ်နဲ့ရှောင်းကျန့် စက်ဘီးကိုယ်စီနဲ့အိမ်ပြန်ခဲ့တဲ့အချိန်တွေမှာ
လမ်းဘေးမုန့်ဆိုင်တွေဝင်ထိုင်ရင်း
ချစ်သူသဘာဝကလူကျီစယ်ထားတဲ့ပုံတွေ။

စ,တင်ထားတဲ့အချိန်ကိုကြည့်တော့
မနေ့ညနေ ကျောင်းဆင်းချိန်ကတည်းက။

ဒါကိုပင်မနေ့ညက ရှောင်းကျန့် သူကိုစာလာသင်ပေးသေးတယ်။
ဘာမှမဖြစ်တဲ့မျက်နှာမျိုးနဲ့လေ …

"ပြီးတော့ ဆရာရှောင်းအခုထိကျောင်းမလာသေးဘူးကွ
ကြည့်ရတာ ~~
ထုတ်လိုက်ပြီလားမသိဘူး"

နောက်ဆုံးနားကစကားသံကို မော့ရှမ်းတိုးညှင်းစွာပြောလိုက်ပြီးတဲ့နောက်မှာ
ရိပေါ် ကချက်ချင်းပဲဖုန်းနံပတ်တစ်ခုကိုခေါ်ဆိုလိုက်တယ်။

"ရိပေါ်"

ဒီအကြောင်းတွေသူ့ကိုမပြောရကောင်းလားဆိုပြီး ဖုန်းဆက်ဆူမလို့ကို
အသံလေးကြားလိုက်ရုံနဲ့ ဘယ်လိုအင်အားနဲ့ဆူပူရမယ်မှန်းမသိတော့ဘူး။

"​ကျောင်းကိုဘာလို့မ​ရောက်သေးတာလဲ"

"အဲ့ဒါ ဟို……နေဦး!
မင်း သိပြီးလို့ငါ့ကိုဖုန်းဆက်ပြီးအစ်တာမဟုတ်လား"

Only You (COMPLETED)Donde viven las historias. Descúbrelo ahora