အိမ်ပေါ်ကနေ ပြေးဆင်းလာတဲ့ရှောင်ကျန့်ကြောင့်
မွေးသမိခင်ရှောင်ကတော်တစ်ယောက်
လှေကားမှာတင် ကြက်မွေးနဲ့စောင့်နေရှာသည်။ဘယ်လိုသင်ပြပြ တော်တော်ရွတဲ့ကလေး။
အသက်က ၂၈ပြည့်နေပြီ။
အခုထိ ကလေးစိတ်မပျောက်သေး။"ရှောင်ကျန့်....လှေကားကိုဖြေးဖြေးဆင်းပါဆို။
ဘယ်လိုမှပြောလို့မရဘူးလား။
မတော်တဆပြုတ်ကျရင် ဘယ်လိုလုပ်မလဲ။
နောက်တစ်ခါ လှေကားကနေဆင်းရင်
အသံမကြားရစေနဲ့။အသံကြားရင်
နင့်ခြေထောက်ကို ရိုက်ချိုးပြစ်မယ်.!"လှေကားထိပ်မှာ နှုတ်ခမ်းလေး မသိမသာ
ထော်ကာရပ်နေသော သားတော်မောင်ကြောင့်
တင်းထားသည့်စိတ်တွေကို မနည်းပြန်ထိန်းလိုက်ရသည်။ကျန်တဲ့နေရာမှာရင့်ကျက်ချင်ရင့်ကျက်မဲ့သူလေးက
ချစ်ရခင်ရသူတွေနဲ့ဆို အမြဲ၃နှစ်သားက
မတတ်လာသူလေး။ဆိုးလိုက်ပေလိုက်ပုံများက သူများသားသမီးတွေလို
အရက်သောက်ဖဲရိုက်ပြီးရမ်းကားတာမျိုးမဟုတ်။
အရက်လည်းသောက်သည်။ဖဲလည်းရိုက်သည့်
သားတော်မောင်က အစွဲကြီးလိုမျိုးမဟုတ်၍
စိတ်အေးရသည်။လောင်ကစားဆို ထိပ်ဆုံးက။
အရက်ပြိုင်သောက်အုံးမလား။
ရသေးသည်။တစ်ခါမှမနိုင်ပေမဲ့ ဘယ်တော့မှ
အရူံးမပေး။အလုပ်နဲ့မနိုင်လျင် ပါးစပ်နဲ့
အနိုင်ယူသည်။အခုလည်းကြည့်။ဆူလိုက်ရင်လုပ်ပြနေသည့်ပုံကကို
ကိုင်ပေါက်ချင်စရာ။"မားကလည်း။လှေကားကနေဆင်းမှတော့
အသံမမြည်ဘဲနေမလား။!""တော်...ပြန်မပြောနဲ့။
နောက်တစ်ခါ လှေကားကနေဆင်းရင်
ဘာသံမှမကြားချင်ဘူး...!"ရှောင်ကတော်ထိုမျှသာပြောပြီး
မီးဖိုထဲပြန်ဝင်နေလိုက်သည်။သူ့သားတော်မောင်ကတော့ အလုပ်ကို
ခြေဆောင့်၍သွားလေပြီ။💘💘💘💘💘
"ရှောင်ကျန့်..ဘယ်လိုဖြစ်လာတာလဲ..!"
ဆိုင်ထဲဝင်ဝင်ခြင်း ဆောင့်အောင့်နေသည့်
ရှောင်ကျန့်ကြောင့် ကျန်းချန်မေးလိုက်ခြင်း။
YOU ARE READING
Yibo's Baby{Completed}
Fanfictionရိပေါ် ဆီမှာ မျောက်စိတ်နဲ့ ယုန်လေးတစ်ကောင်ရှိတယ် ရိပေါ် ဆီမှာ မျောက်စိတ်နဲ့ ယုန်လေးတစ်ကောင်ရှိတယ်