Part 31

14.3K 1.3K 76
                                    

မနက်၈နာရီထိ တုတ်တုတ်မလှုပ်သေးဘဲ
စောင်ပုံလေးထဲ နစ်နေတဲ့ကျန့်ကောကို
ရိပေါ်တစ်ချက်ကြည့်ရင်း

"ကျန့်ကော...နေမကောင်းဘူးလား.."

အပူငွေ့လေးသေးသေးရှိတာကြောင့်
စောင်ကိုလှပ်ရင်း ရေ၀တ်ဖတ်တိုက်ပေးဖို့
ပြင်လိုက်တော့ ကလေးဆိုးကြီးက
သူ့အကျီ င်္ကိုအချွတ်မခံ။

ပေစောင်းစောင်းနဲ့ လှမ်းကြည့်နေပုံက
တစ်နေကုန်စိတ်ကောက်အုံးမယ် ဆိုတဲ့သဘော။

"ဟားးဟုတ်ပါပြီကွာ...စိတ်ကောက်ချင်
ဆက်ကောက်ပါ....ရေ၀တ်လေးတော့တိုက်မယ်နော်။
ကျွန်တော် အစည်းဝေးရှိသေးတယ်ကျန့်ကောရဲ့.."

"သွားစရာရှိတာသွား...သေသေရှင်ရှင်ထားခဲ့"

တစ်ဖက်လှည့်သွားတဲ့ကျန့်ကောကိုယ်လေးကို
လက်မောင်းလေးကနေ ဆွဲယူမလိုက်တော့
စောင်ပုံကြီးနဲ့ရောပြီး သူ့ရင်ခွင်ထဲ
ပါလာသည်။

"ဒီကိုကြည့်ပါအုံး...."

အနှီးထုတ်ထဲက ကလေးလေးလို
လုပ်နေတဲ့ ကျန့်ကောက
မျက်နှာလေးကိုတစ်ဖက်လှည့်ထားတာကြောင့်
ရိပေါ်မှာ နို့တိုက်ချင်လို့ ချော့နေရတဲ့
သားသည်မိခင်ကြီးလိုလို။

"ကျန့်ကောလေး....ဒီကိုကြည့်ပါအုံး...
ကျွန်တော် အစည်းဝေးကို အချိန်စောရွှေ့ ထားတယ်။
၁၀နာရီလောက်ကျန့်ကောဆီပြန်လာခဲ့မယ်။
ဘာစားချင်လဲ....၀ယ်ခဲ့မို့"

စောင်ဖြူကြီးထဲက မျက်နှာနုနုလေးကို
အနမ်းတွေ ဗုံးကြဲမိတော့
စိတ်ကောက်နေတဲ့ကျန့်ကောက
မျက်လုံးလေးမှိတ်ပြီး အိပ်နေသည်။

အသည်းယားလို့တစ်ချက်ညှစ်လိုက်ပြီး
နေရာတကျပြန်ထားရင်း နဖူးလေးကို
ခပ်ဖွဖွနမ်းကာ ရေချိုးခန်းထဲဝင်လိုက်သည်။

သူ ရုံးသွားတဲ့ထိ မထသေးတဲ့ကျန့်ကောဆီက
အသက်ရူသံ ပြင်းပြင်းလေးကြားရတာကြောင့်
သူလည်း ရုံးကိုသာထွက်လာခဲ့လိုက်သည်။

၁၀နာရီထိ မပြီးသေးတဲ့ အစည်းဝေးကြောင့်
သူစိတ်တွေလည်းတိုလှပြီ။
နာရီတကြည့်ကြည့်သူ့ကြောင့် ကျင်းရီကတောင်
လက်တို့ရသည်ထိ။

Yibo's Baby{Completed}Where stories live. Discover now