လက်ထဲသတင်းစာကိုလုံးချေရင်း
အပြင်ဘက်ကို အဓိပ္ပါယ်မဲ့စွာကြည့်လိုက်သည်။
ဖြူလွလွနှင်းတွေနဲ့ ပတ်ဝန်းကျင်က
လှပနေသလောက်သူမရင်ထဲမှာတော့
နှလုံးသားတွေ အကြည်းတန်နေလေပြီ။*ဝမ်လုပ်ငန်းစုရဲ့ CEOနဲ့ ရှောင်လုပ်ငန်းစုရဲ့
အမွေဆက်ခံသူတို့ ဆက်ဆံရေး*ဆိုတဲ့
သတင်းခေါင်းစီးရဲ့အောက်မှာ
သူမ သိက္ခာတွေ အပြိုပြိုအလဲလဲ။ဘာမှဝင်မဖြေရှင်းသေးတဲ့ သူတို့နှစ်ယောက်ကြောင့်
ပတ်ဝန်းကျင်က သူမကို မေးခွန်းတွေ
ထုတ်လာသည်။*ဟန်ဆောင်တွဲခံရတာလား?*တဲ့.
ဟင်းအင်း...တွဲကိုမတွဲခဲ့ရတာလေ။
ဒါပေမဲ့ ဒီလိုသာပြောရင် ပိုဟားစရာ
ရှိလာမည်မဟုတ်လား။ပြီးတော့ရိပေါ်....
ဖြေရှင်းပေးပါလို့သွားပြောရင် အရင်လို
အေးစက်စက်မျက်နှာထားနဲ့*မင်းနဲ့ငါ မပတ်သတ်ခဲ့ဘူး*လို့ပြောမှာ
အသေအချာ။ရင်ထဲတစ်စစီ အဖြစ်ရဆုံးက
ရှောင်ကျန့်ရဲ့ သတို့သားက၀မ်ရိပေါ်
ဆိုတာပင်။ပျော်နေတယ်မလား...သူတို့နှစ်ယောက်လုံး
သူမရင်ကိုခွဲပြီး။🎴🎴🎴🎴🎴🎴
"ကျန့်ကျန့်ရေ...."
ရှောင်ကတော် ကြောင်လိမ်လှေကားကနေ
တရစပ်မေည်ခေါ်ပေမဲ့ ပြန်ထူးခြင်းမရှိသားတော်ကြောင့်အခန်းထဲထိနယ်ကျွံမိသည်။"ရှောင်ကျန့်..."
"ဟာ....ရှောင်ကတော်ရာ။တံခါးခေါက်လေဗျာ"
"ဘာလုပ်နေတာလဲ.."
"Skin careနေတာလေ..."
မျက်နှာပေါ်က Maskကိုခပ်ဖွဖွလေး
ပွတ်ဆွဲနေတဲ့သားကြောင့် ရှောင်ကတော်
ငိုချင်လာသည်။မယူရသေးတဲ့ လင်စကားကိုနားထောင်လား
မထောင်လား အရင်က ပေတိပေစုတ်နဲ့
ရှောင်ကျန့်က အခုဆို တစ်နေ့ရေ
၎... ၅ခါချိုးသည်။အပြင်ထွက်ရင်တောင် ဖြစ်သလိုထွက်တဲ့
ရှောင်ကျန့်က အခု ည၀တ်အကျီ င်္တောင်
ချေးများလာသည်ထိ။
ŞİMDİ OKUDUĞUN
Yibo's Baby{Completed}
Hayran Kurguရိပေါ် ဆီမှာ မျောက်စိတ်နဲ့ ယုန်လေးတစ်ကောင်ရှိတယ် ရိပေါ် ဆီမှာ မျောက်စိတ်နဲ့ ယုန်လေးတစ်ကောင်ရှိတယ်