Part 12

17K 1.6K 81
                                    

ကားလေး အိမ်ရှေ့ထိုးစိုက်တော့
မိုးပင်အတော်ချူပ်နေလေပြီ။

"သွားပြီနော်.."

"ခဏကျန့်ကော..."

လက်တစ်ဖက်ကိုလာဆွဲကိုင်လာတဲ့
ရိပေါ်ကြောင့် ရှောင်ကျန့်ဘာလဲဟူသည့်
သဘောဖြင့်ပြန်ကြည့်လိုက်တော့

"နှုတ်ဆက်အနမ်းလေးဘာလေး
မပေးချင်ဘူးလား..."

ပါးမို့လေးတွေရဲတက်သွားတဲ့
ကျန့်ကောကြောင့် ဒီလူမှာ
အသည်းယားရပြန်ပြီ။

အပိုပြောတာမဟုတ်ဘူး....
ရိပေါ်ကျန့်ကောက ဘယ်လိုနေနေလှတာ..

"လွှတ်တော့...ငါအိပ်ချင်နေပြီ"

"လုပ်ပါကျန့်ကောရာ..ကျွန်တော်
ဖျားချင်သလိုဖြစ်နေလို့ ကျန့်ကောအနမ်းလေး
ရရင်အိပ်လို့ပျော်မယ်ထင်တယ်..."

"အပိုတွေ ၀မ်ရိပေါ်"

ဆောင့်တွန်းပြီး အိမ်ထဲသို့သာ
ပြေးဝင်လာမိသည်။
တံခါးရွက်ကိုမှီရင်း ရင်ဘတ်ထဲကအကောင်ကို
ခပ်နာနာလေးထုကာ

"မင်း အရမ်းကဲတာပဲကွာ"

🍑🍑🍑🍑🍑🍑

ရေမိုးချိုးပြီးနှာတချေချေရှိလာတာကြောင့်
ရှောင်ကျန့် အဆင်သင့်ဝယ်ထားတဲ့
ဆေးကိုဖောက်သောက်လိုက်ရင်း

"ရိပေါ် တကယ်များနေမကောင်းတာလား"

နာရီကြည့်တော့ ၁၀နာရီထိုးနေပြီ။
အိပ်ဖို့ပြင်ပေမဲ့ အိပ်လို့မရတဲ့
မျက်လုံးတွေကြောင့် ရိပေါ်တို့ အိမ်ဘက်ကိုသာ
ကျောခွလာခဲ့လိုက်သည်။

တံခါးကိုခေါက်ပေမဲ့ ဘယ်သူမှ
တုန့်ပြန်ခြင်းမရှိ။
ပိတ်ထားခြင်းမရှိသောပြတင်းပေါက်လေးကနေ
ကျော်ဝင်ရင်းပေါ့ဆဆနိုင်သည့်
ဆရာတပည့်နှစ်ယောက်လုံးကို ကျိန်ဆဲမိသည်။

ရိပေါ်အခန်းရှေ့ရောက်တော့
ညည်းသံသဲ့သဲ့ကြောင့် စိုးရိမ်စွာ
တံခါးကိုတွန်းဖွင့်လိုက်သည်။
အမှန်တကယ်ပင်ရိပေါ်
အဖျာတတ်နေပြီ...

"ဟာကွာ..."

အားမလိုအားမရရေရွတ်ကာ ရေဇလုံနဲ့
အ၀တ်တစ်ခုယူရင်း ရေပတ်တိုက်ဖို့ပြင်ရသည်။

Yibo's Baby{Completed}Wo Geschichten leben. Entdecke jetzt