Part 2

33.1K 2.5K 185
                                    

ဘာလို့လဲ။လူကိုတွေ့တာကို
အဲ့လောက်ထွက်ပြေးစရာလိုလို့လား။

ပြေးသွားလိုက်တာများ မသိရင်ကိုယ်ကပဲ
သူ့ကိုမကောင်းကြံဖို့ကြည့်နေသလိုလို။

ဒီလူကတော့လေ။အရပ်ကြီးကလန်ကလားနဲ့
အသည်းကြောင်လိုက်တာဆိုတာ။

စကားမစပ်။
သူပြေးသွားတုန်းက သူ့မက်မွန်သီးလေးတွေက
လှလိုက်တာဆိုတာ။

ရိပေါ်မရိုးသားတာမဟုတ်ပါဘူး။
သူ့အသီးလေးတွေကိုက လှရက်နေတာ။

အတွေးစကိုဖြတ်ပြီး ထိုသူ့နောက်ကို
မပြေးရုံတမယ်လိုက်မိသည်။

ကိုယ့်ကိုကိုယ်လည်းဘာတွေ
လုပ်နေလဲတောင်မသိတဲ့အထိ။
သူလေးကလည်း ကျောပိုးအိတ်လေးပိုက်လို့
လှည့်ကြည့်လှည့်ကြည့်နဲ့ပြေးရှာတယ်။

တအားမပြေးပါနဲ့ကွာ။
အမောင်ရိပေါ် ဒီနေရာမှာတင်
နှာခေါင်းသွေးလျှံပြီး သေရတော့မယ်။

သူလေးအိမ်တစ်အိမ်ထဲဝင်သွားတော့မှ ရိပေါ်လည်း
နေရာကိုသေချာမှတ်ကာ အိမ်ပြန်ခဲ့သည်။

ဒီကို အနားယူချင်လို့လာခါမှ
နေ့တိုင်းအသီးချောင်းရမဲ့တာဝန်က
ရောက်လာသေး။

🍑🍑🍑🍑🍑

သက်ပြင်းကိုမျှင်းရူကာ
အိမ်ပိုင်ရှင်ကောင်လေးကိုပြုံးပြလိုက်သည်။
သူက ရှောင်ကျန့်ဆိုင်မှာလာစားနေကြမို့
ရှောင်ကျန့်လည်းကြောက်ကြောက်နှင့်
ကောင်လေးအိမ်ထဲဝင်လိုက်မိသည်။

"ကော..အဆင်ပြေရဲ့လား။
ချွေးတွေအရမ်းပျံနေတယ်..!"

"ကျေးဇူးပဲ ကွာ။ကောအဆင်ပြေပါတယ်။
သွားလိုက်အုံးမယ်နော်...!"

ကောင်လေးကိုနှုတ်ဆက်ပြီး
အိမ်ကိုခပ်သွက်သွက်လေးပြေးမိသည်။

နောက်နေ့များတော့ တစ်ယောက်ထဲပြန်မလာရဲတော့ပါ။
ကျန်းချန်ကိုအကူအညီတောင်းရမည်။။

သတ္တိကြောင်တာမဟုတ်ပေမဲ့
ဒီလူမှာ ဘာဓာတ်တွေရှိနေလဲမသိ။

မျက်လုံးခြင်းမဆိုင်ရဲလောက်အောင်
ရှောင်ကျန့်ကြောက်မိသည်။

Yibo's Baby{Completed}Where stories live. Discover now