ရီဝေနေတဲ့ အကြည့်တွေနဲ့ ရိပေါ်က
ခွေးယောင်ဆောင်ထားတဲ့ ကျားပေါက်လေး။
သွားရေတွေကျမလာရုံကလွဲရင် သူ့ပုံစံလေးက
တကယ့်နှာဗူးရုပ်။"ရိ...ရိပေါ်!"
ဒီလိုအခြေနေမျိုးဆိုတာ ၂၇နှစ်အတွင်းမှာ
ပထမဆုံးမို့ သူ့ရင်ထဲ ဒိုင်နိုဆောတွေ
ဟိုပြေးဒီပြေး။"ရိပေါ်.....မနောက်..."
နှုတ်ခမ်းပေါ်ကျလာတဲ့ ကောင်လေးရဲ့
အနမ်းတွေကြောင့် သူစကားတွေ
ထွက်ဖို့မစွမ်းသာခဲ့။အပေါ်နှုတ်ခမ်းလွှာကိုတရိုက်မက်မက်နမ်းခဲ့တဲ့
ကောင်လေးက အောက်နှုတ်ခမ်းလေးကိုလည်း
ရန်ရှာတတ်သေးသည်။နူးညံ့တဲ့အနမ်းတွေကြား ပျော်ဝင်မှန်းမသိပျော်ဝင်ခဲ့ပြီး
ကောင်လေးရဲ့အနမ်းတွေကိုတောင် စိတ်လိုလက်ရ
တုန့်ပြန်မိသည်ထိ။မှေးစင်းလာတဲ့ မျက်လုံးအစုံကခံစားချက်ကို
အနိမ့်အမြင့်ဆွဲခေါ်သွားသလိုမျိုး။"အ!!"
နှုတ်ခမ်းကနေရွေ့သွားတဲ့ခွေးပေါက်လေးက
သူ့လည်တိုင်ကိုရန်ရှာချိန်မှာ အရှက်မဲ့စွာ
ထွက်ကျသွားတဲ့ ညည်းသံတစ်ခု။စုပ်ယူလိုက် ...ကိုက်ဆွဲလိုက်နဲ့
တစ်ကိုယ်လုံးကိုပူထူနေအောင်
ကစားတဲ့ ရှောင်ကျန့်ရဲ့ ကလေးမမည်တဲ့ကောင်လေး။ရင်ဘတ်က ကြယ်သီးလေးနှစ်လုံးကို
ဖွင့်ဟလိုက်တော့ ပေါ်လာတဲ့
အရာရာက ရိပေါ်အတွက် အလှဆုံးပင်။ရင်ဘတ်တစ်လျှောက် အနမ်းတွေကျဲရင်း
ကိုယ်ပိုင်ဆိုင်ကြောင်း အနီကွက်တွေ
ထားခဲ့မိတော့ ခံစားချက်က မုန့်ရသည့်
ကလေးလိုလို။မျက်လုံးလေးမှိတ်ကာ နိမ့်ချည်မြင့်ချည်
ရင်ဘတ်လေးနဲ့ကျန့်ကောက သူ့ရင်ခွင်အောက်မှာ
လှချင်တိုင်းလှလို့။ကြယ်သီးလေးတွေကင်းစင်သွားတာနဲ့
နို့နှစ်ရောင်ကျန့်ကောအသားရေလေးပေါ်မှာ
သူ့ကိုက်ရာတွေဗလပွ။အရှက်သည်းတဲ့ကျန့်ကောလေးကတော့
တစ်ကိုယ်လုံး နီရဲနေရှာပြီ။
မှိတ်ထားတဲ့ မျက်ခွံလေးပေါ်အနမ်းပေးရင်း
နှစ်ကိုယ်တည်းကြားအောင်တောင်းဆိုမိတော့
ကျန့်ကောက အသံသေးသေးလေးနဲ့
ခွင့်ပြုရှာတယ်။
YOU ARE READING
Yibo's Baby{Completed}
Fanfictionရိပေါ် ဆီမှာ မျောက်စိတ်နဲ့ ယုန်လေးတစ်ကောင်ရှိတယ် ရိပေါ် ဆီမှာ မျောက်စိတ်နဲ့ ယုန်လေးတစ်ကောင်ရှိတယ်