Suitအပြည့်အစုံနဲ့ သူ့ပုံက မှန်ထဲမှာ
ရှင်းသန့်လို့နေသည်။
လည်ပင်းက Necktieကို
ဆွဲချပြီး ဝှေ့ရမ်းပစ်ချင်တဲ့စိတ်ကို
အသာထိန်းရင်း မှန်ကြီးရှေ့
သက်ပြင်းတွေသာ ချနေမိသည်။ဆီကူထားတဲ့ ဆံပင်တွေက အရင်လို
နဖူးပေါ်ဝဲမကျနေတော့တာကြောင့်
အခုမှ အသက်၃၀ အကိုကြီးလိုလို။အခုချိန် သားမျှော့ကြိုးဘောင်းဘီလေးသာ
ပေးပါမားရယ်လို့အော်ထုတ်လိုက်ရင်
ကုမ္မဏီကိုဖင်ပြောင်သွားခိုင်းမှာသေချာသည်။"သားကျန့်...ပြီးပြီလား.."
အခန်းပြင်က မားခေါ်သံကြောင့်နှုတ်ခမ်းက
သူ့အလိုလိုစူထွက်လာရသည်။
ဘေးနားက ပစ္စည်းဖာတစ်ခုကို
အားရပါးရကန်ထုတ်ရင်း"ပြီးပြီမား..!"
"ပြီးရင် ထွက်လာခဲ့တော့လေ။"
နောက်ဆုံး နှုတ်ဆက်အနေနဲ့
ကုတင်ပေါ်က ဖက်လုံးကိုကန်ချရင်း"ဟုတ်!လာပြီမား"
"အမယ်လေး...ငါ့သားလေးဒီလောက်ချောမှန်း
မသိခဲ့ဘူး..""သွားမယ်...."
"ခဏနေပါအုံး...ဒီနေ့ မင်းပါးရဲ့မွေးနေ့ပွဲမှာ
သားလေးကို မားက လိုက်ကြွားရအုံးမှာ
ဒီတော့ ဘယ်အစိတ်ပိုင်းလေးကနေ
စကြွားရမလဲ...ဒီမှဲ့လေးကနေလား...
မဟုတ်သေးပါဘူး ...ဒီနှာတံလေးကနေစကြွားရမယ်။
ပြီးရင် ဒီမျက်လုံးလေး။အိုက်ယား...လှရက်လိုက်တာ။
အရပ်ကြီးကလဲ အရှည်ကြီးပဲ...မင်းပါးပါးငယ်ငယ်က
မင်း ရုပ်လေးသိလား...""သိတယ်...သိပြီမလို့ သွားရအောင်ပါဗျာ။"
"ကောင်းပါပြီ...ကောင်းပါပြီ....
မေ့တော့မလို့...ငါ့သားလေးရဲ့
ချစ်စရာကောင်းတဲ့ အနုပညာအကြောင်းပါကြွားရမယ်။
ပန်းချီဆွဲဘယ်လောက်တော်ကြောင်းနဲ့..""မားးးးးး"
မနိုင်တော့ရှောင်ကျန့် မားကိုနောက်ကနေ
အတင်းတွန်းလွှတ်ကာ ကားထဲထည့်ပေးလိုက်ရသည်။
သူကတော့ပါပါးဝယ်ပေးထားတဲ့ ကားနဲ့ပဲ
လိုက်ခဲ့လိုက်သည်။မဟုတ်လျှင်ရှောင်ကတော် လေသေနတ်ကြား
သူ့ မရူနိုင်မကယ်နိုင်ဖြစ်လိမ့်မည်။
YOU ARE READING
Yibo's Baby{Completed}
Fanfictionရိပေါ် ဆီမှာ မျောက်စိတ်နဲ့ ယုန်လေးတစ်ကောင်ရှိတယ် ရိပေါ် ဆီမှာ မျောက်စိတ်နဲ့ ယုန်လေးတစ်ကောင်ရှိတယ်