"မနက်စာဘာရှိလဲ!"
အိမ်ပေါ်ကတေ အိပ်စုံမူံဖွားနဲ့ဆင်းလာတာတောင်
ဝမ်ရိပေါ်က ချောမောတုန်း။
ငေးနေတာကိုသတိထားမိသွားတော့လည်း
မျက်နှာလွဲဖို့ပြင်ရသည်။"ကြည့်နေတာလား!"
"အင်း!"
"ဘာလို့လဲ။ချောလို့လား!"
"ငါ့အိမ်မှာခိုကပ်စားနေတဲ့
ကောင်ရဲ့မျက်နှာကိုမှတ်ထားတာ။!"ဘုကလန့်တွေချည်းပြောနေသည့်ရှောင်ကျန့်ကြောင့်
ရိပေါ်အောက်နှုတ်ခမ်းလေးကိုသာဖိကိုက်ရင်း"အဲ့လိုပြောလည်းချစ်တာပဲဆိုတာရောသိလား!"
"တော်စမ်းပါဝမ်ရိပေါ်...စားစရာရှိတာစားပြီး
လစ်တော့။မင်းအိမ်ဖုန်တတ်နေလောက်ပြီ!""ကျန့်ကောက အရမ်းနှင်တာပဲ!"
"အဲ့လောက်နှင်တာတောင်သွားလို့လား။
ဘုန်းကြီးသရဲကျနေတာပဲ"""ကျန့်ကောနဲ့ပဲ ဒီကောင်လေးက တွယ်တာတာပါနော်!"
နှတ်ခမ်းလေးထော်ကာပြောနေသည့်
ကောင်လေးကြောင့်ရင်ခုန်ရပေမဲ့
၃၀နားနီးမှအပျိုဖြန်းလေးလို
ဖြစ်နေသည့်နှလုံးသားကြောင့်"မင်းမျက်ခွက်ကြီးဘေးဖယ်။
စွပ်ပြုတ်နဲ့လောင်းချလိုက်မယ်!""ကျန့်ကောက သားဆို
မငြင်သာဘူး!"ရှောင်ကျန့်ခေါင်းကိုသာလေးပင်စွာရမ်းလိုက်မိသည်။
"ကျန့်ကော...ကျွန်တော်နောက်နေ့တွေ
ထမင်းလာမစားရင်သတိရနေမှာလား!""ပြောစရာလိုလို့လား...!"
"တကယ်သတိမရဘူးပေါ့!"
"၁၀ခါပြန်ပဲ!"
"ပြီးရော....သတိရရင်လည်းပြောနော်။
ကျွန်တော်က အပြေးလာမှာ!"ရှောင်ကျန့်နှုတ်ဆိတ်လျက်သာ
စွတ်ပြုတ်ပန်းကန်ကိုရိပေါ်ရှေ့တိုးပေးလိုက်သည်။"ကျန့်ကော..."
"ဘာလဲကွာ!"
"ကျွန်တော့်ကိုအဖြေမပေးသေးဘူးလား!"
"ငါဘာပြောထားလဲ။စဉ်းစားအုံးမယ်လို့!"
"ကြာလိုက်တာကျန့်ကောရာ။
ဒီလောက်ချောမောပြီးခန့်ညားနေတဲ့
ကောင်လေးတစ်ယောက်က ချစ်ကြောင်းပြောနေတာကို
ဘာလို့မူနေတာလဲ...ဟန်!"
YOU ARE READING
Yibo's Baby{Completed}
Fanfictionရိပေါ် ဆီမှာ မျောက်စိတ်နဲ့ ယုန်လေးတစ်ကောင်ရှိတယ် ရိပေါ် ဆီမှာ မျောက်စိတ်နဲ့ ယုန်လေးတစ်ကောင်ရှိတယ်