Part 28

13.5K 1.3K 26
                                    

"ကျန့်ကော..ဘာလို့ကျွန်တော်ဝင်ခေါ်တာ
မစောင့်တာလဲဟင်...နေမကောင်းဘူးလား.."

ရုံးကပြန်လာပြီး ဆိုင်ဝင်ခေါ်တော့
ကျန့်ကောပြန်သွားပြီလို့ပြောတာကြောင့်
သူအိမ်ကို အပြေးပြန်လာရသည်။

အခန်းထဲရောက်တော့ ကျန့်ကောက
တံခါးမကြီးကိုကျောပေးကာ
ကုတင်ပေါ်မှာ ငုတ်တုတ်လေး။

သူပြန်လာတာကိုတောင်လှည့်မကြည့်တဲ့
ကျန့်ကောကြောင့်စိုးရိမ်စိတ်တို့က
ပိုလာရသည်။

"နေမကောင်းဘူးလား  .."

ခုံတစ်ခုံကိုဆွဲယုရင်း ကျန့်ကောနဲ့
မျက်နှာချင်းဆိုင်မှာထိုင်ကာ
ပေါင်ပေါ်ကလက်လေးနှစ်ဖက်ကိုဆွဲယူလိုက်တော့

"မဟုတ်ပါဘူး..."

"ဒါဆိုဘာလို့ အစောကြီးပြန်သွားတာလဲ။
ကျန့်ကော..ဘာဖြစ်နေတာလဲဟင်.."

သူ့ကိုမော့ကြည့်တဲ့ကျန့်ကောက
မျက်ရည်ကြည်လေးတွေဝိုင်းနေတာမို့
ရိပေါ်အသည်းအသန်ဖြစ်ကာ
ပါးပြင်ပေါ်က မျက်ရည်တွေကိုသုတ်ရင်း

"ဟာ....ဘာလို့ငိုတာလဲကျန့်ကောရာ။
ပြောပါအုံး ...မငိုနဲ့နော်...."

"အဟင့်.....အီးးးးးး"

ရိပေါ်ကိုဆွဲဖက်ပြီး ရင်ဘတ်မှာ
မျက်နှာအပ်ကာအသည်းအသန်ငိုနေသည့်
ကျန့်ကောကြောင့် ရိပေါ်ရင်တွေပူလောင်လာသည်။
မေးတော့လည်း မဖြေသည့် အဖိုးကြီးလေး
ဘာတွေကို အရမ်းခံစားနေရတာပါလိမ့်။

ကျောပြင်လေးကိုခပ်ဖွဖွပုတ်ပေးလိုက်တော့
ငိုသံလေးက တဖြည်းဖြည်း တိတ်သွားသည်။

"ကျန့်ကော ...အိပ်လိုက်နော်..."

"ရိပေါ်...."

"ဟင်!!"

"ငါက ...ငါက....အရမ်းစိတ်ပျက်စရာ
ကောင်းလားဟင်...အသက်ကလည်းကြီးသေး .
ကလေးလည်း ဆန်တယ်....ပြီးတော့......"

ရပ်တန့်သွားတဲ့စကားလုံးတွေနဲ့ကျန့်ကောက
သူ့ကိုမျက်လုံးလေးဝင့်ကြည့်ကာ
လက်နှစ်ဖက်ကိုအကြောင်းမဲ့ပွတ်သပ်ရင်း

"ငါက ရုပ်ဆိုးလား!!"

ရိပေါ်မတည်နိုင်စွာ အော်ရယ်မိတော့
ကျန့်ကောက နှုတ်ခမ်းလေးစူကာ
သူ့မျက်နှာကိုမော့ကြည့်သည်။

Yibo's Baby{Completed}Unde poveștirile trăiesc. Descoperă acum