"ငါဒီည ကျန်းချန်နဲ့သွားသောက်မှာ။
မင်းကို အချိန်မပေးနိုင်လို့တောင်းပန်ပါတယ်"အိမ်ကိုလိုက်ပို့ရင်း ညခင်းထပ်တွေ့ချင်တယ်
ပြောနေသည့် ရိပေါ်ကြောင့်
ရှောင်ကျန့်အားနာစွာ အကြောင်းစုံရှင်းပြရသည်။"ဖျက်လို့က်ဗျာ..ရည်းစားက ပြောရင်
နားထောင်...!""သူက အရင်ပြောထားတာလေ ရိပေါ်ရာ...
ကော ကတိဖျက်လို့ဖြစ်မလား""ကျန့်ကောနော်...ကတိတွေဘာတွေလာမလုပ်နဲ့။
ကျွန်တော်က လွမ်းလို့..အတူတူရှိချင်လို့
ညခင်းDateဖို့ပြောတာကိုဒီလောက်ခက်နေရလား""မဟုတ်ဘူးလေ..သူကအရင်ပြောထားတာ။
သူ့ကိုကတိပေးပြီးသားကိုကောမဖျက်နိုင်ပါဘူး""အဲ့တော့ ကျွန်တော်နဲ့ဒီညမDate
ဘူးပေါ့..""ပြောပြီးပြီလေ...ဒီညမရဘူးလို့"
"ကျန့်ကောက ကျန်းချန်ကို ကျွန်တော့ထက်
ပိုချစ်နေတာလား..အဲ့တာဆိုဘာလို့သူ့ကို
မတွဲတာလဲ..""ရိပေါ်...မင်းနော်...အကောင်းပြောနေရင်
လွန်မလာနဲ့...ငါကမင်းချစ်သူဆိုတဲ့
ယုံကြည်ချက်လေးနဲ့တောင် ငါ့ကို
နားလည်ပေးလို့မရဘူးလား။""ခင်ဗျားဘာသိလဲ...ကလေးစိတ်နဲ့
အရာရာကိုအကောင်းဘက်ကမကြည့်နေနဲ့..
ခင်ဗျားကိုယူံလည်း လူတွေနဲ့ကံကြမ္မာတွေက
မယုံရဘူးဗျ..."တဖြည်းဖြည်းတင်းမာလာတဲ့အခြေနေနဲ့အတူ
သူတို့နှစ်ယောက်လုံးကားပေါ်မှာ နှုတ်ဆိတ်နေမိသည်။
ချစ်သူတွေဖြစ်ဖြစ်စမှာ ရန်စဖြစ်ရတာ
အဆင်မပြေလိုက်တာ။ဘာမှနားမလည်တဲ့ ကလေးကြီးကို
ကားတင်ပြီးသာခိုးပြေးလိုက်ချင်တော့သည်။
အဲ့လိုလုပ်ရင်လည်း လူကြီးဆိုဒ်နဲ့
တရားချပေအုံးမည်လေ။"မနက်ဖြန်Dateကြတာပေါ့"
ဒီလောက်ပြောနေတာတောင်
သူ့ကျန်းချန်ဆီသွားမဲ့အကြောင်းသွယ်ဝိုက်
ပြောသွားသေးသည်။ကားထဲဆင်းဖို့ပြင်နေတဲ့ ကျန့်ကောကြောင့်
သူ့ဒေါသတွေငယ်ထိပ်တတ်ဆောင့်ရပြီ။
STAI LEGGENDO
Yibo's Baby{Completed}
Fanfictionရိပေါ် ဆီမှာ မျောက်စိတ်နဲ့ ယုန်လေးတစ်ကောင်ရှိတယ် ရိပေါ် ဆီမှာ မျောက်စိတ်နဲ့ ယုန်လေးတစ်ကောင်ရှိတယ်