"ကျန့်ကော..ထတော့လေ.."
ရင်ခွင်ထဲက ယုန်ကြီးက မျက်လုံးလေးကို
အတင်းနဲ့ပွတ်ပြီး ပျင်းကြောဆွဲနေတာကြောင့်"ဟာ...လက်နဲ့တအားမပွတ်နဲ့လေ။
မျက်လုံးတွေ နာကုန်မှာပေါ့""ငါမထချင်သေးဘူး..ညက အိပ်ရေးပျက်ထားလို့"
"ဟင်...ညက ကျွန်တော်လည်းဘာမှ
မလုပ်ဘဲနဲ့..""လုပ်ရဲလုပ်ကြည့်လေ..တုတ်ထိုး
လုပ်စားပစ်မှာ...ညကမင်းအဖျားတက်မှာစိုးလို့
ငါစောင့်ပေးနေရတာ..""ဟာ..ဘာလို့စောင့်ပေးတာလဲဗျာ
ဆက်အိပ်ဆက်အိပ်...ကျွန်တော်
ရေသွားချိုးတော့မယ်နော်အဲ့တာဆို"စောင်ကိုလှပ်ကာထဖို့ပြင်လိုက်ပေမဲ့
လက်ကိုလှမ်းဆွဲတဲ့ကျန့်ကောကြောင့်"ငါ့ကို ဖက်ထားပေးပါလား.....
ချမ်းနေလို့.."ဒါမျိုးဆိုနှစ်ခါမခေါ်ရတဲ့ရိပေါ်တစ်ယောက်
စောင်ထဲ ၀င်ပြီးသားဖြစ်နေလေပြီ။"အိပ်တော့...ကျွန်တော်လည်း
ပြန်အိပ်မယ်.""မနက်စာငတ်မှာပေါ့...မင်းငါ့ကိုညအိပ်ပေးလို့
နေကောင်းရင် စွတ်ပြုတ်လုပ်တိုက်မယ်ဆို""စွတ်ပြုတ်တော့မရဘူး..ရိပေါ်ကိုတော့
ခေါင်းကနေစားမလား...ခြေထောက်ကနေစားမလား..
အလယ်ကပဲ ဖြုတ်စားမလား...
ကြိုက်သလောက် စားလို့တယ်..""ရိပေါ်...ပေါက်ကရမပြောနဲ့။
ငါနိုးလို့စားစရာမရှိရင် မင်းကိုဖုတ်စားမှာနော်""ပြောပြီးပါပြီ..ဖုတ်စားစား ဖြုတ်စားစား...
အ...အ ကျန့်ကော...နာတယ်လို့""အခုထတော့..ငါ့ဘာသာရအောင်အိပ်မယ်"
"ငြိမ်ငြိမ်နေကျန့်ကောရာ...အိပ်ချင်သွားပြီ။
အားးးးးကျန့်ကောကိုယ်လေးက
နွေးနေတာပဲ....မနက်စာအတွက်
စိတ်မပူနဲ့...ရိပေါ်ရှိတယ်...
စစ်ကျွေးချက်ကျွေးလိမ့်မယ်...."ပြန်လည်းပြောချင်စိတ်ကုန်နေတာကြောင့်
ငြိမ်ငြိမ်လေးပဲ အိပ်နေလိုက်တော့သည်။ရှောင်ကျန့်ဆံပင်တွေကြား
ရောက်ရောင်လာတဲ့ ရိပေါ်အနမ်းနွေးနွေး
တွေကြောင့် မနက်ခင်းမှာတောင်
အိပ်မက်တွေလှခဲ့တယ်။
YOU ARE READING
Yibo's Baby{Completed}
Fanfictionရိပေါ် ဆီမှာ မျောက်စိတ်နဲ့ ယုန်လေးတစ်ကောင်ရှိတယ် ရိပေါ် ဆီမှာ မျောက်စိတ်နဲ့ ယုန်လေးတစ်ကောင်ရှိတယ်