"ကော....ဘာလို့မစားတာလဲ...
စားမကောင်းဘူးလား.."ပိုင်မေက သူ့မျက်နှာကိုကြည့်ရင်း
စိတ်ပူစွာမေးလာသည်။"မဟုတ်ပါဘူး..ကောနေမကောင်းချင်လို့."
"နူတ်ခမ်းကြီးပေါက်နေတယ်ကော.."
ပိုင်မေပြောမှသူ အသည်းအသန်ကာမိသည်။
သတိတရထိမိတော့ တကယ်ကိုသွေးစို့နေသည်။
ခွေးကောင်လေးက တကယ်သွားဆိပ်ရှိတာပဲ။"ကော...Toiletခဏသွားအုံးမယ်နော်။
ပိုင်မေမှာစရာရှိတာမှာထား""ဟုတ်ကော.."
ရှောင်ကျန့် မှန်ထဲမှာ သူ့ကိုယ်သူကြည့်ရင်း
သနားလာသည်။
ပါးဖောင်းဖောင်းလေးတွေပျောက်ချင်နေလို့
လူက ကမ္မဋ္ဌာန်းစီဖြန်းခံနေရတဲ့ရုပ်။ဘေးနားက တစ်ရူးယူရင်း ဖွဖွလေးသုတ်ကာ
ရေနှင့်သွေးစလေးတွေကိုပွတ်တိုက်မိလိုက်သည်။
အရှင်းပြောင်သွားတာမဟုတ်ပေမဲ့
တော်တော်လေးတော့ အဆင်ပြေသွားသည်။မှန်ထဲမှာ ကို့ကိုယ်ကိုပြန်ကြည့်ပြီး
အဆင်ပြေခါမှ ပြန်ထွက်ဖို့ပြင်တော့
ရုတ်တရက် ဂုတ်ကနေ အဆွဲခံလိုက်ရပြီး
လူလည်း အိမ်သာခန်းထဲ ရောက်သွားရသည်အလန့်တကြားကြည့်မိတော့မှပိုလန့်ရတဲ့ အဖြစ်။
အိမ်သာဘိုထိုင်ပေါ်ဖင်ထိုင်လျက်လေး
ဖြစ်နေသည့် ရှောင်ကျန့်ပေါ်ကို
အုပ်မိုးထားတဲ့ရိပေါ်မျက်လုံးတွေဟာရဲစက်လို့။"သူလား...ရှောင်ကျန့် ချစ်သူဆိုတာ.."
ကျန့်ကောဆိုသည့်နေရာလေးမှာ
ရှောင်ကျန့်လို့အစားသွင်းခံလိုက်ရတော့
ရင်ဘတ်ထဲမှာစို့တတ်လာသည်။
ကြောက်တာရော ၀မ်းနည်းတာပါပေါင်းပြီး
သူ့နှုတ်က စကားလုံးတွေ အံကျမလာခဲ့။"တောက်...မေးနေတယ်လေ..."
"ငါက...ဘာ..ဘာလို့ဖြေရမှာလဲ.."
"ဘာ...!!"
"ဘာ...ဘာ...လို့ဖြေရမှာလဲလို့။
မင်းနဲ့ငါ စာရင်းလည်းရှင်းပြီးပြီဟာ....အွန်းးးးးး"ရှောင်ကျန့်ပါးနှစ်ဖက်ကို တင်းကျပ်စွာ
ဆုပ်ကိုင်ရင်းဆွဲမော့ကာ
နှုတ်ခမ်းသားတွေကို စုပ်ယူနေတဲ့ ရိပေါ်ကြောင့်
အသက်ရူတွေကျပ်လာရသည်။
YOU ARE READING
Yibo's Baby{Completed}
Fanfictionရိပေါ် ဆီမှာ မျောက်စိတ်နဲ့ ယုန်လေးတစ်ကောင်ရှိတယ် ရိပေါ် ဆီမှာ မျောက်စိတ်နဲ့ ယုန်လေးတစ်ကောင်ရှိတယ်