Phထဲက ငိုသံလေးက သူ့နှလုံးသားကို
အဖျားရော အရင်းပါ လှုပ်ခတ်သွားသည်။
ရုတ်တရက် သူဘာမှ မပြောနိုင်။
တုန်ရီနေတဲ့ ဒူးကြောင့်
ခုံပုလေးကိုအားပြုထိုင်လိုက်ရသည်။"ရိပေါ်.....ရိပေါ်...."
သူမထူးနိုင်သေးဘူး....ရင်တွေထဲမှာ
ပျော်သလိုလို စိတ်တိုသလိုလိုနဲ့
ခံစားရခက်နေလို့။"ရိပေါ်.....အူးးးးဝါးးးးးးငါ့ကိုမချစ်တော့ဘူးပေါ့။
ငါ့မှာတော့ တစ်နေကုန်သူ့ကိုလွမ်းလိုက်ရတာ..
သူကတော့..အီးးးးးးး""ကျန့်ကော...ဘာလို့ငိုတာလဲ....မငိုပါနဲ့ဗျာ..
ကျွန်တော်လာခဲ့မယ်နော်...ရုတ်တရက်ဆိုတော့
ဘယ်လိုခံစားလိုက်ရမှန်းမသိလို့..""ကိုယ့်ယောင်္ကျားက ကိုယ့်ကိုပြန်လာခိုးခိုင်းတာ
အဲ့လောက်စိတ်လှုက်ရှားစရာလိုလို့လား...
မင်းဘာမဟုတ်တာတွေလုပ်ထားလို့လဲ"ကဲကြည့်....သူအိမ်ပေါ်ကဆင်းသွားလို့
တစ်နေကုန်ဒေါင်းတောက်အောင်
ရှာနေခဲ့တဲ့ ရိပေါ်ကို ည၃နာရီထိုးမှ
Phဆက်တဲ့သူ့ကြောင့် စိတ်မလှုပ်ရှားသင့်ဘူးလား
တွေးကြည့်။ဆင်းတော့လည်း ဝေးဝေးလံလံ
ခြေရင်းက သူ့အိမ်လေးဆီတဲ့.....
အိမ်ပေါ်ကနေဆင်းပြီးအဲ့လောက်အဝေးကြီး
သွားနေတဲ့သူက မနက်၃နာရီလောက်မှ
Phဆက်ပြီး ငိုကြီးချက်မနဲ့
'သူ့ကို လာခိုးပါ'ဆိုပဲ။ဘယ်လောက် မွှေတဲ့ ကျန့်ကောလဲ။
ဘာပဲဖြစ်ဖြစ် သူပဲ အလျော့ပေးပြီး
ခြံတံခါးကိုကျော်ခွလိုက်တယ်။သူ့မှာ စိတ်ချလက်ချဖြစ်သွားတာနဲ့အတူ
ခန္ဓာကိုယ်က ဝေဒနာတွေလည်း
ဟိုတစ်စဒီတစ်စပေါ်လာတာမို့.....အိမ်တံခါးကိုခေါက်လိုက်တော့
အတင်းနဲ့ပြေးဖက်တဲ့ကျန့်ကောက
မျက်ရည်ရွှဲလဲနဲ့ ကြောင်ချီးရုပ်။"ပေတူးနေတာပဲ ကျန့်ကောရာ...."
"ငါတစ်နေကုန်ငိုနေတာမင်းမှမသိဘဲ..
လွမ်းလိုက်တာရိပေါ်ရယ်....လွမ်းလို့
သေတော့မလိုဘဲ....ငါ့ကို ပြန်ခေါ်သွားပေးနော်.."ကြည့်...ပြောတဲ့ပုံစံလေးကိုက
ရိုက်ချိုးချင်စရာ....
မသိရင်ကိုယ်ကပဲ သူ့ကိုနှင်ချသလိုလို
သူ့မိဘတွေကပဲ လာခွဲသွားသလိုလိုနဲ့။
YOU ARE READING
Yibo's Baby{Completed}
Fanfictionရိပေါ် ဆီမှာ မျောက်စိတ်နဲ့ ယုန်လေးတစ်ကောင်ရှိတယ် ရိပေါ် ဆီမှာ မျောက်စိတ်နဲ့ ယုန်လေးတစ်ကောင်ရှိတယ်