"အင့်...ခေါ်လိုက်...."
Phကြီးလက်ထဲ အတင်းထိုးထည့်ပေးနေတဲ့
ဝမ်မားက ရှောင်ကျန့်မားကို
Phဆက်ခိုင်းနေခြင်း..."အန်တီ...အဲ့တာကလေ.."
"ဆက်ဆိုဆက်လိုက်...မင်းမားနဲ့
မျက်နှာချင်းဆိုင်ရှင်းချင်တယ်..."ဘေးနားက၀မ်ရိပေါ်ကိုအားကိုးတကြီး
ကြည့်လိုက်ပေမဲ့ သေနာလေးက
ပြီတီတီနဲ့...အေးပေါ့...တစ်ခါတည်း လမ်းဖောက်ပြီးသား
ဖြစ်မဲ့ကိစ္စကြီးကို ၀မ်ရိပေါ်လို
အကြံသမားက တားပါ့မလား...."Helloသားကျန့်...မား ပြန်လာပြီသိလား..
အခုလမ်းပေါ်မှာ သားဘာစားချင်လဲ
မားဝယ်ခဲ့မယ် ကျန့်ကျန့်လေး..."ချိုသာအီစွေနေတဲ့မားအသံက
ရှောင်ကျန့်ကို တစ်ယောက်တည်းထားခဲ့တိုင်း
ချော့နေကြလေသံ...သေချာပါသည်...အခုကိစ္စသာ
သိသွားရင် ဒီလိုပြောပါအုံးမလားဆိုတာ......"ဟုတ်မား....အိမ်ရောက်ရင်ပြောနော်.."
"အေးအေးသားလေး"
မားPhချသွားသည်နှင့် ရိပေါ်ကိုကြည့်လိုက်တော့
အပြုံးမပျက်။မျက်စောင်းကျွေးလိုက်သည်ကိုပင်
ရယ်နေသေးသည်။"မင်းမားလာရင် တစ်ခါတည်းတွေ့ချင်တယ်။
မင်းပြန်လို့ရပြီ...."မသိမသာနှင်ခြင်းကြောင့် ရှောင်ကျန့် ခေါင်းလေး
အသာညိမ့်ကာထွက်လာခဲ့ရသည်။"ဟဲ့.."
ဧည့်ခန်းထဲက ထွက်ခါနီး ၀မ်မားရဲ့
အော်သံကြောင့်ရှောင်ကျန့် လန့်ဖြန့်ကာ
နောက်လှည့်မိတော့"မင်းကိုအော်တာမဟုတ်ဘူး...၀မ်ရိပေါ်..
ဒါဘယ်လဲ...""ဘယ်ဘယ်ပေါ့..မားနားချင်နားတော့
သားကျန့်ကောအိမ်လိုက်သွားမလို့""ဘာ..."
စစ်ကျွေးကတော့ခေါင်းကိုသာ
တဗျင်းဗျင်းနဲ့ကုတ်နေချေပြီ။ကျန့်ကောခမျာလည်း ဆက်သွားရမလို
ရပ်နေရမလို တောင့်တောင့်လေး။"ကျန့်ကော...သွားမယ်လေ.."
"မင်းမားကိုဂရုစိုက်အုံးလေ"
YOU ARE READING
Yibo's Baby{Completed}
Fanfictionရိပေါ် ဆီမှာ မျောက်စိတ်နဲ့ ယုန်လေးတစ်ကောင်ရှိတယ် ရိပေါ် ဆီမှာ မျောက်စိတ်နဲ့ ယုန်လေးတစ်ကောင်ရှိတယ်