Special Episode 03

3.7K 285 49
                                    

⟨ Unicode Version ⟩
Special Episode For BTSOE


* ဤမှန်သောချစ်ခြင်းတရားကြောင့်... *

" ပျော်နေရဲ့လား...  ကျွန်မနဲ့သမီးကတော့ ရှင့်ကိုလွမ်းတယ်.. ‌"

အေးစက်နေတဲ့ရာသီဥတုကို အန်တုပြီး ပွေ့ပိုက်ထားတဲ့ပန်းစည်းလေးကို အုတ်ဂူရှေ့ချရင်း ကျွန်မနှုတ်ဆက်လိုက်မိသည်။

ထို့နောက် Min Suga ဆိုတဲ့စာတန်းလေးကိုလက်လေးနဲ့ထိကြည့်မိသည်။

" တောင်းပန်ချင်တယ် ... ကျွန်မ သူ့ကိုချစ်မိသွားလို့.. ဒါပေမဲ့ ကျွန်မကိုယ်ကျွန်မ ခွင့်မပြုနိုင်ဘူး Suga "



မင်သက်စွာစိုက်ကြည့်နေရင်း ပြန်မပြောနိုင်တဲ့အုတ်ဂူကို သူမစကားပြောမိသည်။

" ရှင်က ခွင့်ပြုတယ်ပြောခဲ့ပေမဲ့ ကျွန်မကိုယ်ကျွန်မ အဲ့ဒီလိုဖြစ်တာမုန်းတယ် Sugaရယ် သူ့ကိုမချစ်မိအောင် ဘယ်လိုထိန်းချုပ်ရမလဲ ဟင်  ဆော့ဆော့လေးကိုစောင့်ရှောက်ဖို့ သင့်တော်တဲ့ဘယ်သူ့ကိုမဆို ရှင်ခွင့်ပြုတယ်လို့ ရှင်မပြောခဲ့သင့်ဘူး "

စီးကျလာတဲ့တစ်ကြောင်းတည်းသောမျက်ရည်ကို မသုတ်ပစ်နိုင်လောက်အောင် သူမစိတ်ဝိညာဉ်က အတိတ်ဆီရောက်သွားတော့သည်။

အတိတ်...

" မဟုတ်ဘူး ကလေးက သန်မာပါတယ် ဟွန်ဆုရဲ့ စိတ်ထဲ တင်းခံမနေပါနဲ့  "

မင်ယွန်ဂီရဲ့အစ်မ ယူအင်စကားကြောင့် သူမ သက်ပြင်းချလိုက်မိသည်။ လောကကြီးထဲက သူ မထွက်သွားခင် သူလိုချင်တဲ့သူ့သွေးသားလေးဖြစ်တည်နေတယ် ဆိုတဲ့အသိလေး ပေးချင်တာမို့ မရရတဲ့နည်းနဲ့ ကလေးယူခဲ့မိသည်။ ကံကြမ္မာကပဲ သူမတို့အတွက် မျက်နှာသာပေးတာလား ဘာလားမသိပေမဲ့ မင်ယွန်ဂီရဲ့ခွဲစိတ်မှုအောင်မြင်ခဲ့ပါသည်။ သို့သော် ဒီလောကကြီးထဲ သူနေနိုင်လွန်းရင် အလွန်ဆုံး ၆ လ..။

သူမ သက်ပြင်းချလိုက်တော့ မမယူအင်က သူမပခုံးကိုလက်လေးနဲ့ အသာလေးပုတ်သည်။ ထို့နောက် ကိုယ်ဝန်အကြောင်းပြောမှ ရုတ်တရက်သတိရမိတာက သူမဆီရောက်လာခဲ့တဲ့Honbieဆိုတဲ့အမျိုးသမီး...။

Behind The Scene Of Ego【 Season 02 】Where stories live. Discover now