⟨ Unicode Version ⟩
- အတ္တနောက်ကွယ်က မသိရှိခဲ့တဲ့အမှန်တရား -
- ဒုတိယအတွဲ -
- အပိုင်း ၀၆ -" စီအီးအို နဲ့ တွေ့ခွင့်ရှိမလားရှင့် ကျွန်မက SHL ဓာတ်ခွဲခန်းက တာဝန်ရှိသူ အဲလစ်ပါ "
ကောင်တာပေါ် သူမဝန်ထမ်းကဒ်ပြရင်း မိတ်ဆက်ပေးတော့ ကောင်တာက ဧည့်ကြိုမယ်လေးက သူမကဒ်ကိုအသေအချာကြည့်ကာ
" ဒီနေ့ စီအီးအိုရုံးမတက်ပါဘူးရှင့် မစ္စအဲလစ် အရေးကြီးကိစ္စရှိတယ်ဆိုရင် တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ပေးပါ့မယ် "
အပြုံးလေးဆောင်ကာ ပြောတော့ သူမခေါင်းညိတ်လိုက်သည်။
" အဲ့ဒါဆိုရင် နောက်ဆုံးအဆင့်စမ်းသပ်ချက်ရလဒ်အတွက် တင်ပြချက်တွေကို ဘယ်ဌာနမှာ အပ်ရမလဲ "
" SHLခွဲခန်းဟုတ် .... "
ဇယားအချို့ကိုကြည့်ကာ ဧည့်ကြိုမယ်လေးက မေးလိုက်သည်ဆိုရင်ဖြင့် သူမခေါင်းညိတ်လိုက်မိသည်။
" 17လွှာက စီအီးအို ရုံးခန်းမရောက်ခင် အရှေ့ဘက်ကောင်တာတစ်ခုရှိတယ် အဲ့ဒီ့ကောင်တာက ဝန်ထမ်းကိုမေးပြီးဆက်သွားနိုင်ပါတယ်ရှင့် "
" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ရှင့် "
ထို့နောက် ဧည့်ကြိုမယ်လေးကိုနှုတ်ဆက်ကာ သူမ ရုံးခန်း ၁၇ထပ်သို့ တက်လာခဲ့သည်။ ရုံးခန်းရှေ့ကောင်တာကိုရောက်တော့ ကောင်တာမှာထိုင်နေတဲ့ကောင်မလေးတစ်ယောက်ကို ထပ်တွေ့ပြန်တယ်။
" မင်္ဂလာပါ SHL ဓာတ်ခွဲခန်းကပါ ရှင်းဟွာရဲ့တာဝန်ရှိသူတွေရဲ့ညွှန်ကြားချက်အရ JKစီအီးအိုနဲ့ လာတွေ့တာပါရှင့် "
" ဪ... စီအီးအိုမရှိပါဘူးရှင့် "
" ဟုတ်ကဲ့ သိပါတယ် ဒီစမ်းသပ်ချက်တွေကို ဘယ်ကိုပို့ပေးရမလဲရှင့် "
" SHL ခွဲခန်းဆိုတော့ ...... "
ထိုကောင်မလေးက စာရင်းဇယားတွေလှန်လှောကြည့်ကာ အသံရှည်ဆွဲလိုက်ရင်း ပြန်ပြောလာတာက
YOU ARE READING
Behind The Scene Of Ego【 Season 02 】
Fanfiction【COMPLETED】 ဂျွန်ဂျောင်ကု × ကင်ဆိုးဂျင် ◾From 30. 12. 2020 To 30.05.2020 𝗡𝗢𝗧𝗘 : 𝐓𝐡𝐢𝐬 𝐬𝐭𝐨𝐫𝐲 𝐢𝐬 𝐩𝐮𝐫𝐞𝐥𝐲 𝐟𝐢𝐜𝐭𝐢𝐨𝐧𝐚𝐥 𝐚𝐧𝐝 𝐚𝐥𝐥 𝐜𝐡𝐚𝐫𝐚𝐜𝐭𝐞𝐫𝐬 𝐚𝐫𝐞 𝐚𝐮𝐭𝐡𝐨𝐫'𝐬 𝐢𝐦𝐚𝐠𝐢𝐧𝐚𝐭𝐢𝐨𝐧. 𝐓𝐡𝐞 𝐜𝐨𝐧𝐭𝐞𝐧𝐭 𝐢𝐧...