* 00 *

15.4K 516 35
                                    

⟨ Unicode Version ⟩

【 ဒါလေးမဖတ်ခင် Book 1ကိုအရင်ဖတ်ဖို့အကြံပြုပါတယ် Book 1ကိုဖတ်ပြီးမှ နားလည်နိုင်မှာမို့လို့ပါ 】

BTSOE
- Behind The Scene of Ego -

"​ဖေ​ဖေ.... ဟိုအလုံးကြီးစားချင်​တယ်​ ဝယ်​​ပေး... "

ချစ်​ရ​သော ​ဂျင်းနီလေးအတွက် ပန်းစည်းပေးဖို့
ရွေးနေတုန်း သူ့ကုတ်အင်္ကျီအနားစကို ကိုင်​ကာ ခန္ဓာကိုယ်​ကို လှုပ်​ယမ်းပြီး ​ခေါင်းလေးတခါခါဖြင့်အာတာပူစီလိုချင်နေသောသော သမီးငယ်​​လေးကို ငုံ့ကြည့်လိုက်သည်ဆိုရင်ဖြင့် ​ဂျောင်​ကုမျက်​နှာထက် အပြုံး​လေးတစ်​ပွင့်ပေါ်လာရသည်။ ​ရွေးနေတဲ့ပန်းပွင့်လေးကိုချရင်း သမီးငယ်​​နဲ့အရွယ်​ညီ​အောင်​ထိုင်​ပြီး ပါး​ဖောင်းဖောင်းလေးကိုဆွဲညစ်လိုက်သည်။

" ဝယ်​​ပေးမှာ​ပေါ့ သမီး​လေးရဲ့ ... အခု​တော့ ​သမီးရဲ့​မေ​မေ့အတွက်​ ပန်းစည်းလေးအရင်ဝယ်မယ်လေနော်"

သမီး​လေးချွဲသလိုမျိုး သူက က​လေးအသံ​လေးနဲ့​ပြောလိုက်​သည်​ဆိုရင်​ဖြင့်သမီးငယ်က နှုတ်​ခမ်းဆူကာ စိတ်​​ကောက်​သွားပုံရသည်​။ သမီးငယ်​ရဲ့ပါးကို တချက်​ဖိနမ်းရင်း ​ဆိုဂျင်းအတွက် ပန်းရွေးနေမိသည်။ ထို့​နောက်​ ​ရွေးထား​သောပန်းများကို စည်းပေးဖို့ဆိုင်ရှင်ကို သူကမ်းပေးလိုက်သည်။ ထိုအချိန်​အတွင်း ပြောင်းလဲသွားသော ပတ်​ဝန်းကျင်ကို ​ဂျောင်​ကုသတိမထားမိပါ။ ဆိုင်​ရှင်​စည်းထားပေးသော ပန်းစည်းကို ကျသင့်ငွေရှင်းကာ ယူရင်း သမီးငယ်ကိုလှမ်းကြည့်တော့တော့ မရှိ​တော့။ထို့ကြောင့် သူရင်​ထိတ်​သွားရသည်​။

" သမီး... သမီး​လေး..."

ပတ်​ဝန်းကျင်ကိုလှည့်ပတ်ပြီးရှာပါသော်လဲ သူရှာမ​တွေ့။ ထိုခဏ သူ့နှလုံးစိုင်​တစ်​ခုလုံး ​ချေမွလိုက်​သလို နာကျင်​လာပြီး ပတ်​ဝန်းကျင်ရဲ့ပြောင်းလဲမှုကို သတိထားမိ​တော့သည်​။ ကြည်​လင်​​နေ​သော​ကောင်းကင်ပြာကြီးသည် ယခုမည်းမှောင်လွန်းနေသည်။ ​လေ​ကောင်းလေသန့်နဲ့ပျော်မွေ့ချင်စရာကောင်းခဲ့​သော မြို့ငယ်​​လေးသည် ယခု မွန်းကျပ်စရာအငွေ့အသက်များဖြင့်ပြည့်နှက်​နေသည်​။ ​လေတစ်​ချက်​​ဝေ့လိုက်​တိုင်း သူ့နှလုံးသားလေးတဖျတ်ဖျတ်တုန်ခါသွားရသားရသည်​။ ရင်​ခုန်​သံဖြင့်တုန်ခါခြင်းမဟုတ်။ တစ်​စုံတစ်​ခုကို ဆုံးရှုံး​တော့မဲ့စိတ်​နဲ့ တုန်​ခါခြင်​းမျိုးပင်​။

Behind The Scene Of Ego【 Season 02 】Where stories live. Discover now