Episode 02

3.8K 383 23
                                    

⟨ Unicode Version ⟩

*အတ္တနောက်ကွယ်က မသိရှိခဲ့တဲ့အမှန်တရား*
*ဒုတိယအတွဲ*
*အပိုင်း ၀၂*

ပန်းစည်းတစ်စီးကိုင်ကာ ‌အဖေ့အုတ်ဂူ‌ရှေ့ ယွန်ဂျွန်းချလိုက်သည်။ ဘေးနားက ဦးလေးဖြစ်သူက သူ့ကိုထီးမိုးထားပေးသည်။ အဖေ့တပည့်‌တွေဖြစ်တဲ့ ကျန်တဲ့သူတွေအားလုံးလဲ သူ့အနောက်မှာ တန်းစီလျက်။ အခုဆိုရင် သူဟာ ကနေဒါနိုင်ငံ၊ Prince Edward Islandရဲ့ ဒုတိယအချမ်းသာဆုံး သူဌေးလေးဖြစ်လာပြီ။ ဒါပေမဲ့ သူ မပျော်နိုင်ပါ။ ချစ်ရတဲ့သူငယ်ချင်းလေးရော၊ မမဆိုဂျင်းရော သတိမရသေး။
Hyungကလဲ သူ့ကို အတွေ့မခံ။

ထို့ကြောင့် သူဆုံးဖြတ်ထားသည်က ဒီည အယ်ရင်းနဲ့ မမဆိုဂျင်းကိုနှုတ်ဆက်ကာ ကနေဒါမှ ထွက်သွားရန်ဖြစ်သည်။

သိသာသိစေ မမြင်စေနဲ့ဆိုသည့်အတိုင်း Hyungနဲ့ မမဆိုဂျင်းကို သူတွဲပြီး မမြင်ချင်တော့ပါ။ ခံစားရတဲ့နှလုံးသားကနာကျင်လွန်းလှပြီ။ထိုနာကျင်မှုကို ဆက်ပြီးမခံစားနိုင်တော့။

" သား... မနက်ဖြန် ဘယ်အချိန်သွားမှာလဲ"

ဦးလေးဖြစ်သူမေးလာတဲ့စကားကို မထိတထိပြုံးရင်း....

" ဟင့်အင်း ဒီည အယ်ရင်းနဲ့ မမဆိုဂျင်းကိုနှုတ်ဆက်ပြီးတာနဲ့ ချက်ချင်းသွားမယ် ပြီးတော့ နှစ်ယောက်လုံးသတိရလာရင် အကြောင်းကြားပေးပါ"

ထို့နောက် ဘာမှဆက်မပြောတော့ဘဲ အဖေ့အုတ်ဂူကိုငေးကာ အဓိပ္ပာယ်မဲ့စွာ ကြည့်လိုက်မိသည်။ အချိန်အတိုင်းအတာတစ်ခုအထိ ငေးပြီးတဲ့နောက်မှာတော့ ဦးလေးဖြစ်သူကို ခပ်ဖျော့ဖျော့လေးကြည့်ကာ...

"သွားကြရအောင် ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြတာပေါ့"

ထိုညမှာ စောင့်ကြိုနေမဲ့ကံကြမ္မာဆိုးကြီးကို ချွဲယွန်းဂျွန်းသာ ကြိုမြင်နိုင်ခဲ့ပါလျှင်....။

💠💠💠

ဘူးအကန့်လေးမှာထည့်ထားတဲ့ တစ်ကွင်းတည်းသောလက်စွပ်ကို ကြည့်ကာ နမ်ဂျွန် နာနာကျင်ကျင်ပြုံးမိသည်။ ထိုအကြောင်းပြန်တွေးလိုက်တိုင်းလဲ ဂျောင်ကုကိုဒေါသထွက်လို့မဆုံးနိုင်။

Behind The Scene Of Ego【 Season 02 】Where stories live. Discover now