JK's Unseen Cut

2.3K 191 33
                                    

⟨ Unicode Version ⟩

[ Jinah's NOTE :: ဒီအပိုင်းလေးက အဆက်မဟုတ်ဘဲနဲ့ Boo1တုန်းက မထုတ်ပြခဲ့တဲ့ဟာတွေကို ပြန်ရေးထားပေးတာပါ။ ပြောရမယ်ဆိုရင် Book 1မှာမထုတ်ပြထားတဲ့ ဂျောင်ကုရဲ့ဂရုစိုက်မှုတွေပါ ။ မမှတ်မိဘူးဆိုရင် Book 1က အပိုင်းတွေနဲ့ တွဲဖက်လို့ရတယ်။ ဘယ်အပိုင်းလဲဆိုတာကိုပါ တခါတည်းဖော်ပြထားပေးပါတယ် ပြီးတော့ ဒါက အခုထပ်တိုးထားတဲ့အပိုင်းသစ်ပါ ပြန်ဖတ်ပေးကြတဲ့ ဖတ်ဖတ်တွေအတွက်ရော အခုမှဖတ်ကြတဲ့ဖတ်ဖတ်တွေအတွက်ပါ ♡ ]



( BTSOE Book 1 Ep 04, JK's Unseen Cut  01)

*** ပထမတွဲ၊ အပိုင်းတစ်ထဲက ကင်နမ်ဂျွန်က ကင်ဆိုးဂျင်ကို အိမ်ပြန်ပို့ပေးပြီး ဂျောင်ကုနဲ့ဆုံတဲ့အချိန် ဂျောင်ကုက ဆိုးဂျင်ကို လှေကားပေါ်မှာ တစ်ယောက်တည်းထားခဲ့တာလေးပါ

ငါတကယ်ဂရုမစိုက်ဘဲ မနေနိုင်ပါဘူး ၀၁

  " ကုကီး... ကုကီးရေ ... ငါ့ကိုကယ်ပါဦး "

တိုးလျသွားတဲ့အသံအဆုံး သူ အမှောင်ထုထဲလျှောက်ရင်း ရှာမိသည်။ ကြားနေရတာက ချစ်ရသူ ဆိုးဂျင်ရဲ့အသံ။

" ဂျင် ... ဆိုးဂျင်.. မင်း ဘယ်မှာလဲ ... "

" ငါ ... ငါ ... ငါဒီမှာ "


စူးရှတဲ့အသံလာရာကိုကြည့်တော့ ချောက်ထဲခုန်ဆင်းသွားတဲ့ဆိုးဂျင်။  မလုပ်နဲ့ လို့လှမ်းတားပေမဲ့ နှုတ်ဖျားတွေက အာစေးမိပြီး ထွက်မကျလာ။ သူ့ကိုဆွဲငင်ထားတဲ့အမည်မသိဆွဲအားတစ်ခုကနေရုန်းထွက်ပြီး  မျက်လုံးကိုဖွင့်ကြည့်တော့ မောဟိုက်လို့ လှိုက်ဖိုနေတဲ့ ရင်ဘတ်နဲ့အတူ ချွေးစီးတွေ ။ သူချက်ချင်း သတိတရနဲ့ ရှာမိတာက ဆိုးဂျင်။



အာ ... ဟုတ်သားပဲ ငါ သူ့ကို လှေကားမှာ ဒီအတိုင်းထားခဲ့တာ .. သူ ... သူ တစ်ခုခုဖြစ်နေလို့လား... သူ... သူမူးနေတာလေ...



မုန်းပေမဲ့ စိုးရိမ်စိတ်တွေက လှိုက်ကနဲ့တက်လာတော့ အခန်းထဲကနေ အူယားဖားယားပြေးထွက်လာမိသည်။ လှေကားကိုရောက်တော့ သူမြင်ရတာက သူပစ်ချခဲ့တဲ့အတိုင်း မူးပြီးအိပ်နေတဲ့ ဆိုးဂျင်လေး။

Behind The Scene Of Ego【 Season 02 】Where stories live. Discover now