Episode 24 Pt.2

3.1K 344 67
                                    

⟨ Unicode Version ⟩
Episode 24 PT.2

    " စိတ်လှုပ်ရှားနေတာလား မမ "



မှန်ရှေ့မှာပေါ်နေတဲ့ပုံရိပ်ကိုကြည့်ကာ မေးလာသူက ထယ်ထယ်။ သူမ ပခုံးကိုကိုင်ကာ သူမမျက်နှာနားငုံ့ကာ မှန်ထဲကိုစိုက်ကြည့်တော့ ထယ့်ကိုတောင် သူမရှက်သွားရသည်။

" အာ မမ ရှက်နေတာကိုး... "


ပြောမှပဲ ပိုနီရဲသွားတော့ ထယ်က ရယ်သည်။

" မရှက်ပါနဲ့မမရယ် မင်္ဂလာရှိတဲ့နေ့ဟာကို ...  ကိုကိုဂျောင်ကုလဲ အဆင်သင့်ဖြစ်နေလောက်ပြီ

ဝါး.... ကြည့်စမ်းပါဦး မမက အလှဆုံးပဲ "



သူမ တစ်ကိုယ်လုံးကို လှည့်ပတ်ကြည့်ကာ ထယ်က ပြုံးရွှင်စွာပြောသည်။ ပြောရရင် ဒီနေ့က သူမနဲ့စီအီးအိုဂျွန်ရဲ့ မင်္ဂလာပွဲ။ လက်ထပ်ခွင့်တောင်းပြီး သုံးရက်အကြာမှာ ကျင်းပတဲ့ မင်္ဂလာပွဲ။ သူမစိတ်တိုင်းကျစေရမယ်ဆိုတဲ့ စီအီးအိုဂျွန်ရဲ့စကားကြောင့် မိသားစုဝင်လောက်နဲ့ပဲ ကျင်းပမယ်ပြောတော့ စီအီးအိုဂျွန်ကလက်မခံချင်။ သူလုပ်ချင်တာ ကြီးကြီးကျယ်ကျယ်။

သို့သော်လဲ သူမသဘောအတိုင်း လက်ခံပေးခဲ့ပါသည်။ မင်္ဂလာပွဲကျင်းပမယ့်စရိတ်တွေကို မိဘမဲ့ဂေဟာတွေမှာ လှူပြီးဘုရားကျောင်းလေးမှာပဲ ရိုးရိုးရှင်းရှင်းမင်္ဂလာဆောင်သည်။
မေမေရယ် မမဟွန်ဆုရယ် ကိုကိုဂျီမင်ရယ် ထယ်ထယ်ရယ် ဆော့ဆော့ရယ် ကွတ်ကီးရယ်သာရှိတဲ့ မင်္ဂလာပွဲလေးကို စီအီးအိုဂျွန်ကတော့ သဘောမကျနေပေမဲ့ သူမတော့ ကျေနပ်သည်။
ချစ်ခြင်းတရားတွေကို ကြီးကြီးကျယ်ကျယ်ချပြစရာလိုလို့လား။

   " ကဲ သတို့သမီးအလောင်းအလျာလေး ထွက်လာလို့ရပြီ "

အခန်းအပြင်က ကိုကိုဂျီမင်ရဲ့စကားသံကြောင့် ထယ်ရော သူမပါ မတ်တပ်ရပ်လိုက်သည်။ ကိုကိုဂျီမင်က ခန်းမဆီခေါ်ဆောင်သွားပေသည်။ အပြင်အဆင်ကအစ ရိုးရိုးရှင်းရှင်းပေမဲ့ သူမကတော့ မေတ္တာတံတားပေါ်မှာ လျှောက်လှမ်းနေရသလို ခံစားလိုက်ရသည်။

Behind The Scene Of Ego【 Season 02 】Where stories live. Discover now